ချမ်းအေးသာစံမြို့နယ်မှာ မီတာ လာကောက်သူ ၂ ဦး သေနတ်အပစ်ခံရ၊ ၁ဦးသေ

ချမ်းအေးသာစံမြို့နယ်မှာ မီတာ လာကောက်သူ ၂ ဦး သေနတ်အပစ်ခံရ၊ ၁ဦးသေ

ဇူလိုင်-၁၁

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊သာယာကုန်းရပ်ကွက်နဲ့လယ်ရွေးရပ်ကွက်ကို မီတာလာကောက်တဲ့ နှစ်ဦးကို ဇူလိုင် ၁၁ရက်၊မနက် ၁၀နာရီခန့်က သေနတ်နဲ့အပစ်ခံရလို့ တစ်ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက မဇ္စျိမကို အတည်ပြုပြောပါတယ်။

"သာယာကုန်းရပ်ကွက်နဲ့ လက်ရွေး ရပ်ကွက်ကို မီတာလာကောက်တဲ့ နှစ်ယောက် တစ်ယောက်မှန်ပြီးသေတယ်။ဆိုင်ကယ်လေးစီးနဲ့ လာပစ်သွားတယ်။"လို့ မျက်မြင်တွေ့သူကပြောပါတယ်။

လက်ရှိ အဲဒီနေရာမှာ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက အရပ်ဝတ်တွေနဲ့ စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly