သမ္မတ ရှီကျင့်ဖျင် နှုတ်ထွက်သွားပြီဟူသော စာစီအမှားကြောင့် တရုတ်ဂျာနယ်လစ် အမြောက်အများ အလုပ်ပြုတ်

သမ္မတ ရှီကျင့်ဖျင် နှုတ်ထွက်သွားပြီဟူသော စာစီအမှားကြောင့် တရုတ်ဂျာနယ်လစ် အမြောက်အများ အလုပ်ပြုတ်

ပေကျင်း၊ ဒီဇင်ဘာ - ၈ ။          ။ တရုတ်သမ္မတ မိန့်ခွန်းပြောနေသည်ဟူသည့် စကားလုံးကို အခြားဆင်တူ စကားလုံးများနှင့် ရောထွေးသွားသည့် သတင်းတစ်ပုဒ်ကြောင့် တရုတ်ဂျာနယ်လစ် အများအပြား ပျာယာခတ်သွားခဲ့ကြသည်ဟု ဆိုသည်။

စာစီအမှားက တရုတ်နိုင်ငံ၏သမ္မတ နှုတ်ထွက်ပြီဖြစ်ကြောင်း မှားယွင်းစွာ ကြေညာလိုက်ပြီးနောက်တွင် ဂျာနယ်လစ်လေးဦးမှာ အလုပ်မှ ဆိုင်းငံ့ခံခဲ့ရသည်။

ရှီကျင့်ဖျင်က ဂျိုဟန်နတ်စဘာ့ တရုတ်-အာဖရီက ညီလာခံသို့ ရောက်ရှိနေစဉ် China News Service က ရှီက တရုတ်နှင့် အာဖရိကတို့မှာ သမိုင်းတွင် ဘုံရည်မှန်းချက်များ ရှိခဲ့သည်ဟု ၎င်း၏ နှုတ်ထွက်လွှာတွင် ပြောကြားခဲ့သည်ဟု ကိုးကားဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို ပုံနှိပ်ခဲ့သည်။

နိုင်ငံပိုင်သတင်းအေဂျင်စီမှ စာရေးဆရာများမှာ တရုတ်စကားလုံး မိန့်ခွန်း (zhi ci) နှင့် နှုတ်ထွက်ခြင်း (ci zhi) ကို ရောထွေးသွားခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိန့်ခွန်းပြောနေသည်ဟု ဖြစ်ရမည့်နေရာတွင် တရုတ်သမ္မတ နှုတ်ထွက်သွားပြီဟူ၍ ဖြစ်သွားသည်။

အေဂျင်စီက အမှန်မပြင်နိုင်သေးမီတွင် အခြားသတင်းဌာနများကလည်း ထိုသတင်းကို အမှုားကြီးအတိုင်း ကူးယူဖော်ပြခဲ့ကြသည်ဟု ဆိုသည်။

South China Morning Post ၏ ပြောကြားချက်အရ အမှားအယွင်းကြောင့် အေဂျင်စီ၏ တောင်အာဖရိက ဗျူရိုအကြီးအကဲအပါအဝင် CNS ဂျာနယ်လစ် အမြောက်အများ အလုပ်ပြုတ်သွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly