ကချင်ပြည်နယ်ရောက် စစ်ကောင်စီရဲတပ်ဖွဲ့အတွင်း ကိုဗစ်-၁၉ ဖြစ်သူများပြား

ကချင်ပြည်နယ်ရောက် စစ်ကောင်စီရဲတပ်ဖွဲ့အတွင်း ကိုဗစ်-၁၉ ဖြစ်သူများပြား

ဇူလိုင် ၁၀

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်သော ကချင်ပြည်နယ်အတွင်းက စုံစမ်းစစ်ရေးအဖွဲ့၊  ပြည်နယ်ရဲအကူတပ်ဖွဲ့၊ ပြည်နယ်မူးယစ်အထူးအဖွဲ့နှင့် အမှတ် (၁) ရဲစခန်းအတွင်းက ရဲအရာရှိကြီးများ၊ ရဲတပ်သားများနဲ့ မိသားစုဝင်များကို COVID -19 ကူးစပ်မှုဖြစ်ပွားမှုများနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဘေးသင့်နေသူများတွင် ဒုတိယရဲမှူးကြီးအဆင့်ရှိသူများပါပါဝင်နေပြီး အများစုကိုတော့  မြစ်ကြီးနားကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံးကြီးမှာ ကုသမှုပေးနေသည်။ 

မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ကျော်အပါအဝင် စစ်ဘက်အရာရှိကြီးများလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုခံနေရသည်။

တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ တိုင်း မှူး၏ ကိုယ်ရေးအရာရှိ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဗျူဟာမှူကြီး (G1)၊ ဒုတိယတန်းစစ်ဆင်ရေးဗျူဟာမှူးကြီး (G2)တို့တွင် COVID -19 ကူးစက်မှုဖြစ်နေခဲ့သည်။

စစ်ကောင်စီတပ် စစ်ဘက်နှင့်ရဲဘက်တို့တွင် ကိုဗစ်-၁၉ ကူးစက်မှုများနှင့်ပတ်သက်၍ သတင်းအမှောင်ချထားပြီး တပ်အတွင်းမှာပင် အသွားအလာကန့်သတ်ထားမှုများပြုလုပ်ထားကြသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ကချင်ပြည်နယ်မြစ်ကြီးနားမှာ COVID -19 ကူးစက်ခံရသူ စုစုပေါင်း ၁၃၇ ဦးရှိပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly