မန္တလေးတိုင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်ကြူ ကိုဗစ်ဖြင့် ကွယ်လွန်

မန္တလေးတိုင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်ကြူ ကိုဗစ်ဖြင့် ကွယ်လွန်
ဓာတ်ပုံများ -စိုပြေမြင့် Facebook

မန္တလေး ဇူလိုင် ၉

ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာမြင့်ကြူသည် ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက ကိုဗစ် ၁၉ ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

“ကျွန်တော်ချစ်ရတဲ့ကျွန်တော့အဖေ ဒီလောကကြီးကထွက်ခွာသွားပါပြီ၊ အဖေကောင်းရာဘုံဘဝရောက်ပါစေ” ဟု ၎င်း၏သားဖြစ်သူ Mrtv4 ဇာတ်လမ်းတွဲသရုပ်ဆောင်စိုပြေမြင့်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာဝန်တစ်ဦးလည်းဖြစ်သူ ဒေါက်တာမြင်ကြူသည် ဆေးခန်းဖွင့်ထားခဲ့ပြီး ဇွန်လ ဒုတိယပတ်က ၎င်း၏ ဆေးခန်းကို လာပြသည့် လူနာမှတစ်ဆင့် သူနှင့်အတူ သူ့ဇနီးကိုပါ ကိုဗစ်-၁၉ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

သူ၏ ဇနီးမှာ ရောဂါပျောက်ကင်းသွားပြီဟုလည်း သိရသည်။

ဒေါက်တာမြင့်ကြူသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၂၁ မှ ၂၀၁၆ ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly