သုံးခွမြို့နယ်မှ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သုံးခွမြို့နယ်မှ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်ကို ဒီကနေ့ ဇူလိုင်လ မနက် ၉နာရီ အချိန်က စစ်ပင်းကန်ကျေးရွာနှင့် ကျွဲခိုကျေးရွာကြား ဆက်သွယ်ရေးလမ်းမှာ သေနတ်နဲ့ ငါးချက်ပစ်ခံရပြီး သေဆုံးနေခဲ့ကြောင်း သတင်းရရှိပါတယ်။

 “သေနတ်နဲ့ ငါးချက်ပစ်ခံရပြီး သေသွာပြီ၊ ကျွဲခိုးကန်ရွာအကျော်မှာဖြစ်တာလို့သိရတယ်” လို့ ဒေသခံက ပြောပါတယ်။ 

လက်ရှိအချိန်မှာတော့ ရွာထဲမှာ စစ်ကား ၄ စီး နဲ့ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး ရွာအ၀င်အထွက်လမ်းတွေမှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချပြီး စစ်အုပ်စုကအစားထိုးအသစ်ခန့်အပ်ထားသူတွေကို ဒလန်အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့မှာ မကြာခန ဖြစ်ပေါ်နေတာပါ။ 

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် အာဏာသိမ်းစစ်အုပ်စုက တစ်ဦးကိုကျပ်ငါးသိန်းစီ သတ်မှတ်ကာ မိသားစုတွေကို ပေးဆောင်နေပြီး ရာထူးက နှုတ်ထွက်သူ အုပ်ချုပ်ရေးမှူးတွေလည်း အများအပြား ရှိလာနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly