အခမဲ့ ကိုဗစ် စမ်းသပ်စစ်ဆေးခံရန် ထိုင်းပြည်သူ ရာပေါင်းများစွာ မိုးထဲရေထဲ ညပိုင်းကတည်းက တန်းစီစောင့်ဆိုင်း 

အခမဲ့ ကိုဗစ် စမ်းသပ်စစ်ဆေးခံရန် ထိုင်းပြည်သူ ရာပေါင်းများစွာ မိုးထဲရေထဲ ညပိုင်းကတည်းက တန်းစီစောင့်ဆိုင်း 
Photo - AFP

ဇူလိုင် ၉

ထိုင်းနိုင်ငံ ဘန်ကောက်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်း အပြင်ဖက်မှာ ပြည်သူ ခြောက်ရာနီးပါးလောက်ဟာ သောကြာနေ့ နံနက်မှာ ဖွင့်လှစ်မယ့် ဆေးခန်းကနေ အခမဲ့ ကိုဗစ်-၁၉ စမ်းသပ်ခံဖို့အတွက် ညပိုင်းကတည်းက မိုးထဲရေထဲမှာ စောင့်ဆိုင်းကြရပါတယ်။ 

ဖရာစီမဟာသက်ဆေးခန်းမှာ တစ်နေ့ကို တို့ဖတ်နမူနာ ၉၀၀ လောက် စမ်းသပ်စစ်ဆေးပေးနေတာ ဖြစ်ပြီး ဘန်ကောက်မှာ ဒီလို အခမဲ့ စမ်းသပ်စစ်ဆေးပေးတဲ့ ဆေးခန်း ခြောက်ခု ရှိရာမှ နေ့စဉ် ပျမ်းမျှ လူ ၉၀၀ ကို အခမဲ့ ကိုဗစ်စစ်ဆေးပေးနေတာပါ။ 

“ကျွန်မတို့ ဘယ်လိုလုပ် အိပ်လို့ ရမှာလည်း မိုးက ရွာတာ သုံးလေးနာရီလောက် ကြာတယ်၊ ထီးတွေ ဆောင်းပြီး ထိုင်စောင့်နေရတာပေါ့”လို့ စမ်းသပ်စစ်ဆေးခံဖို့ တန်းစီစောင့်ဆိုင်းနေသူတွေထဲ ထိုင်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။ 

အသက် ၂၂ နှစ်အရွယ် ဖရူးဆိုသူ အမျိုးသမီးကလည်း “ဒီမှာ လာတန်းစီ စောင့်ရတာ တကယ်တော့ ဘေးများတယ်၊ ကျွန်မ ဘေးအန္တရာယ်ကြားကပဲ လာတန်းစီရတာပါ၊ ဒီမှာ တန်းစီစောင့်နေကြတာ လူခွာနေတာမျိုး မရှိတာမို့ ဘေးနည်းတဲ့ လူတွေအတွက်တောင် ရုတ်ခြည်း ဘေးဖြစ်စေနိုင်မျိုးမှာ ရှိနေတာပဲ၊ ကျွန်မတို့တွေ အားလုံးဟာ တစ်ယောက်အနောက် တစ်ယောက် ကပ်ထိုင်နေကြတာမို့လား”ဆိုပြီး ပြောပါတယ်။ 

“အခမဲ့ စမ်းသပ်ပေးတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ နံနက် ၈ နာရီမှာ ဆေးခန်းဖွင့်မှာအတွက် ည ၁၀ ကတည်းက လာတန်းစီနေရတာကတော့ မဟုတ်သေးဘူးလေ၊ ဒီကြားထဲ မိုးက သုံးလေးနာရီ မပြတ်ရွာလို့ ထီးဆောင်းပြီး မအိပ်ရဘဲ စောင့်နေရတော့တာပဲ”လို့ အသက် ၄၇ နှစ်ရှိ ထိုင်က ဆိုပါတယ်။ 

“ဒီလို ဖြစ်နေတာ ပြည်သူတွေအတွက် မမျှတဘူး၊ အစိုးရဟာ ကျွန်တော်တို့ဆီက အခွန်ကျတော့ ကောက်တယ်၊ ကျွန်တော်တို့ဟာ အခွန်တွေ အမြဲတမ်း အချိန်မီ ပေးဆောင်နေတာပဲ၊ အခွန်ရှောင်တာလည်း ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဆောင်တဲ့ အခွန်တွေကို ဘယ်လို သုံးနေသလဲဆိုတာ ကြည့်ဦး၊ ခုလို အခမဲ့ စမ်းသပ်ခံရဖို့အတွက် မိုးထဲရေထဲ ညကတည်းက လာစောင့်ရတာမျိုး အစိုးရဖက်က ပြန်ပေးတာကတော့ လက်သင့်ခံစရာကို မရှိဘူး”လို့ အသက် ၂၅ နှစ်အရွယ် ပါနုပွန်ဆိုတဲ့ အမျိုးသားက ပြောပါတယ်။ 

ထိုင်းပြည်သူတွေအနေနဲ့လည်း ဆေးရုံတွေမှာ စမ်းသပ်စစ်ဆေးခံမှု မရနိုင်တဲ့ စမ်းသပ်မှု တစ်ကြိမ်ကို ထိုင်းဘတ်ငွေ ၂၀၀၀ ပုံမှန်ကုန်ကျတဲ့ စက္ကရင်ဖတ်တဲ့ လုပ်ငန်းစဉ်ကို ပြန်လည်စီစဉ်ဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလျက် ရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာ ဧပြီအစောပိုင်းကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၁၀ ဆ မြင့်တက်လာခဲ့တဲ့နောက်မှာ ဘန်ကောက်မြို့တော်စည်ပင်ဧရိယာအပါအဝင် အဆိုးဆုံး ကူးစက်နေရာ ဒေသတွေမှာ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းပြန်ချဖို့ အမျိုးသား ကိုဗစ်လုပ်ငန်းစဉ်အဖွဲ့က သောကြာနေ့မှာ စည်းဝေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။ 

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ဦးရေဟာဆိုရင် ၃၁၇၅၀၆ ဦး ရှိပြီး သေဆုံးနှုန်းကတော့ ၂၅၃၄ ဦး ရှိထားပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly