Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်နေသောစီးပွားရေးလုပ်ငန်းများကို တရုတ်ဗဟိုဘဏ်က သတိပေး

By TRT World
09 July 2021
Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်နေသောစီးပွားရေးလုပ်ငန်းများကို တရုတ်ဗဟိုဘဏ်က သတိပေး

Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုတွင် သံသယဖြစ်ဖွယ်ပါဝင်မှုရှိခြင်းကြောင့် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုအား ပိတ်ပစ်လိုက်ပြီး ကုမ္ပဏီများက ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်နေသောစီးပွားရေးလုပ်ငန်းများကို ကူညီခြင်းမပြုရန် တရုတ်ဗဟိုဘဏ်က သတိပေးခဲ့သည်။

တရုတ်အစိုးရက နည်းပညာကဏ္ဍအပေါ်စည်းကမ်းကြပ်မတ်မှုများ ပိုမိုကျယ့်ပြန့်စွာလုပ်ဆောင်လာစဉ် Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးများကိုလည်း ဂရုတစိုက်စောင့်ကြည့်နေသည်။

တရုတ်နိုင်ငံတွင် Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး မကြာသေးမီက အာဏာပိုင်များက ဒစ်ဂျစ်တယ်ငွေကြေးဖန်တီးခြင်းများကို ပိတ်ပစ်ခဲ့ပြီး ငွေကြေးလွှဲပြောင်းမှုများကို ရပ်တန့်ရန် ဘဏ်များကို သတိပေးခဲ့သည်။

Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုအတွက် ဆော့ဝဲလ် ဝန်ဆောင်မှုများပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် Beijing Qudao Cultural Development ကုမ္ပဏီကို ပိတ်ပစ်ရန် ဇူလိုင်လ ၆ရက်တွင် ဗဟိုဘဏ်၏ ပေကျင်းရုံးခွဲတစ်ခုက အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်သည် Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းပြီး ငွေကြေးကစားခြင်းကို ကာကွယ်တားဆီးရန်နှင့် အများပြည်သူများ၏ ပိုင်ဆိုင်မှုများဘေးကင်းလုံခြုံရေးအတွက်ဖြစ်သည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဘဏ်က အဖွဲ့အစည်းများအား Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ဆောင်မှုများဖြစ်သည့် တည်နေရာဖော်ပြခြင်း၊ စီးပွားဖြစ် ပြသခြင်း၊ ကြော်ငြာခြင်းနှင့် အခြားဝန်ဆောင်မှုများမလုပ်ဆောင်က သတိပေးခဲ့သည်။

သုံးစွဲသူများအား ဒစ်ဂျစ်တယ်ငွေကြေးနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ မပေးရန်ဘဏ်က ဘဏ္ဍာရေးနှင့် ငွေပေးချေမှုအဖွဲ့အစည်းများကို ညွှန်ကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly