မလေးရှား အာဏာရ ညွန့်ပေါင်းအစိုးရမှ အကြီးဆုံးပါတီက ဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ခိုင်း 

မလေးရှား အာဏာရ ညွန့်ပေါင်းအစိုးရမှ အကြီးဆုံးပါတီက ဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ခိုင်း 

ဇူလိုင် ၉

မလေးရှားနိုင်ငံ အာဏာရညွန့်ပေါင်းအစိုးရမှ အကြီးဆုံးပါတီဟာ ပြဿနာပတ်လည်ဝိုင်းနေတဲ့ ဝန်ကြီးချုပ်ဖြစ်သူကို ထောက်ခံမှု ရုပ်သိမ်းပြီး သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ပြောဆိုတိုက်တွန်းပါတယ်။ 

ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်ထံကနေ ချက်ချင်း တုံ့ပြန်မှု မရှိသေးပေမယ့် သူ့အနေနဲ့ အာဏာကို ရေတိုသာ ရယူနိုင်တော့ဖွယ်ရှိနေပြီလို့ နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။ 

လွှတ်တော်အတွင်းမှာ ကိုယ်စားပြုအမတ်နေရာ အနည်းငယ်ပဲ ပိုသာတဲ့ မူယက်ဒင် အစိုးရအဖွဲ့ဟာ မတည်မငြိမ် ကြုံနေရတာ လများစွာ ကြာနေပြီး ညွန့်ပေါင်းအဖွဲ့အတွင်းက ပါတီကွဲတွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

လွှတ်တော်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အရေးပေါ်အခြေအနေကို ဇန်နဝါရီလအတွင်းက ကြေညာခဲ့ချိန်ကစလို့ ဖိအားတွေ တိုးမြင့်ရင်ဆိုင်နေရတာ ဖြစ်ပြီး မူယက်ဒင်ဟာ အာဏာကို တွယ်ဖက်ထားနိုင်ဖို့အတွက် ကပ်ဘေးကို အသုံးချနေတယ်လို့ ဝေဖန်သူတွေကလည်း စွပ်စွဲပြောဆိုကြပါတယ်။ 

ဝန်ကြီးချုပ်ကို ထောက်ခံမှုပေးနေတဲ့ အကြီးဆုံးပါတီဖြစ်တဲ့ United Malays National Organisation (UMNO) ဟာ ကြာသပတေးနေ့ အစောပိုင်းက ၎င်းရဲ့ အဆင့်မြင့် ဆုံးဖြတ်ချက် ချမှတ်ရေးအဖွဲ့ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်ကို ထောက်ခံမှု ရုပ်သိမ်းတယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။ 

“UMNO အနေနဲ့ ဝန်ကြီးချုပ်သစ်ကို ကန့်သတ်ကာလအတွက် ခန့်အပ်နိုင်ဖို့အတွက် မူယက်ဒင်ယက်အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ လေးလေးစားစား တိုက်တွန်းပါတယ်”လို့ ပါတီဥက္ကဋ္ဌဖြစ်သူ အာမတ်ဇာဟစ်ဟာမီဒီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

ရွေးကောက်ပွဲသစ်တွေ မကျင်းပနိုင်ခင်မှာ ခေါင်းဆောင်သစ်က ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့တစ်လျှောက် နိုင်ငံကို ဦးဆောင်ပဲ့ကိုင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“ပြည်သူတွေ အပ်နှင်းတဲ့ လုပ်ပိုင်ခွင့်အာဏာကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းကိုင်တွယ်သွားမယ့် အစိုးရသစ် ဖွဲ့စည်းခွင့်ပြုရေးဟာ အရေးကြီးပါတယ်”လို့ ဟာမီဒီက ထပ်လောင်းပြောပါတယ်။ 

ကပ်ဘေးကို ဖြစ်သလို ကိုင်တွယ်တာနဲ့ လော့ဒေါင်းကြောင့် ထိခိုက်သူတွေကို အကူအညီပေးဖို့ ပျက်ကွက်တာတွေ အပါအဝင် လက်ရှိအစိုးရရဲ့ အမှားများစွာကိုလည်း UMNO ဥက္ကဋ္ဌက ထောက်ပြပြောဆိုခဲ့ပါတယ်။ 

Bersatu ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ် မူယက်ဒင်ဟာ ပြုပြင်ပြောင်းလဲရေးအစိုးရတစ်ရပ် ပြိုကျခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ အာဏာရရှိလာခဲ့သူ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required