KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန်မှာ COVID -19 အတည်ပြုလူနာနှစ်ဦးတွေ့

KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန်မှာ COVID -19 အတည်ပြုလူနာနှစ်ဦးတွေ့
ဓာတ်ပုံ -  KIO ပြန်ကြားရေး

ဇူလိုင် ၈

ကေအိုင်အိုထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့မှာ COVID-19 အတည်ပြုလူနာ နှစ်ဦးတွေ့ရှိရတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့မှာ ကျောင်းလာတက်ကြတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ အခုလို COVID-19 ကူးစပ်ရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိရတာဖြစ်တယ်လို့ KIO ဗဟို COVID - 19 ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီရဲ့  အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝေါမ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက မိုင်ဂျာယန်မြို့ကို ရောက်ရှိလာခဲ့တဲ့ အဆိုပါ အတည်ပြုလူနာနှစ်ဦးကို မိုင်ဂျာယာန်မြို့ထဲရောက်ရှိတာနဲ့ Quarantine Center မှာထားကာ နှာခေါင်းတို့ပတ်ကိုရယူပြီး တရုတ်ပြည်သို့ ပေးပို့စစ်ဆေးကာ အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ -  KIO ပြန်ကြားရေး

လက်ရှိအချိန်မှာတော့ ပိုးတွေ့သူနှစ်ဦးကို မိုင်ဂျာယန်မြို့ရှိ  ကိုဗစ်ဆေးကုသရေးဆေးရုံမှာ ကုသမှုပေးနေပြီး၊ ပိုးတွေ့နှစ်ဦးနဲ့ ဆက်စပ်သူများကို COVID -19 စစ်ဆေးရာ အားလုံးမှာ ပိုးမတွေ့ဘူးလို့ COVID - 19 ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီထံကနေ သိရပါတယ်။

မိုင်ဂျာယန်မြို့က တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေဒေသတစ်ခုဖြစ်ပြီး၊ ကချင်အမျိုးသားကောလိပ်၊ ပညာရေးကောလိပ်နဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီ အစရှိတဲ့ အခြားကျောင်းများတည်ရှိရာ ပညာရေးမြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly