ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်တွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကို တော်လှန်ရေးတပ်က မီးရှို့

By The HK Post
08 July 2021
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်တွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကို တော်လှန်ရေးတပ်က မီးရှို့

ပါကစ္စတန်နိုင်ငံတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများက တပ်ဆင်ထားသည့် လုပ်ငန်းများကို ဘလူချီစတန် လွတ်မြောက်ရေးတပ်(BLA)က မီးရှို့လိုက်ပြီး ဝန်ထမ်း ၆ ယောက်ကိုလည်း ပြန်ပေးဆွဲခဲ့သည်။

တရားဝင်ကြေညာချက်တွင် လွတ်လပ်ရေးလိုလားသည့် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ အဇတ်ဒ် ဘလူချ် က ဖမ်းဆီးရမိသော အလုပ်သမားများ၏ အမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ကွာတာမြို့ခံ ဂူခန်၊ အာဒီနှင့် မက်ချ်ရာ့ဂျ်အမည်ရှိ ယောကျာ်းသုံးဦး ကို ဖမ်းဆီးခဲ့သည့် နေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သံသယရှိသည့် အခြားသူများကို BLA က ဆက်လက် ဖမ်းဆီးထားသည်။

“ ဂျီနီဗာမှာရှိတဲ့ ကြက်ခြေနီအဖွဲ့က ကိုယ်စားလှယ်များအပါအဝင် ကုလသမဂ္ဂနဲ့ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိန်းသိမ်းထားတဲ့ အလုပ်သမားတွေ ပြန်လွှတ်ပေးဖို့အတွက် အာမခံသူတွေ အဖြစ်ဆောင်ရွက်ပေးပြီး ၎င်းတို့အနေနဲ့ အခုလို အမြတ်ထုတ်တဲ့ စီမံကိန်း နဲ့ ပါကစ္စတန်စစ်တပ်ရဲ့ သူလျှိုကွန်ရက်ကို ပြန်လည်အသက်မသွင်းဘူးလို့ အာမခံရင် သူတို့ကို လွှတ်ပေးပါမယ် ” ဟု အဇတ်ဒ် ဘလူချ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် BLA ၏ တောင်းဆိုချက်များကို တုံ့ပြန်ရန်အတွက် အချိန် ၁၀ ရက်ကို ယင်းအဖွဲ့က ပေးထားသည်။

'' ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဖမ်းဆီးခံရတဲ့လူတွေကို ဘလူချ် အမျိုးသားတရားရုံးမှာ စည်းကမ်းမလိုက်နာမှုနဲ့ ရုံးတင်တရားစွဲသွားမှာပါ'' ဟု BLA ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။

BLA က သိမ်းပိုက်ထားသည့် ဘလူချီစတန်ရှိ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများအား နယ်ချဲ့အင်အားကြီး နိုင်ငံများ (ပါကစ္စတန်နှင့်တရုတ်) ၏ နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်များတွင် ကူညီပံ့ပိုးသူအဖြစ် မဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခံခဲ့ရသည်ဟုလည်း BLA ကဆိုသည်။

တရုတ်က ပါကစ္စတန်နှင့် ပူးပေါင်း၍ တယ်လီကွန်ဆက်သွယ်ရေးကွန်ရက်တစ်ခုကိုထူထောင်ခဲ့ပြီး ယင်းကို ဘလူချီစတန်ရှိ လူများ၏လှုပ်ရှားမှုကို စုံစမ်းရန်နှင့် ခြေရာခံရန် ဟွာဝေးနှင့် လက်ခွဲကန်ထရိုက် ကုမ္ပဏီများဖြစ်သော Netcom၊ Exeleron၊ ZTE တို့ အပါအဝင်အခြားဆက်သွယ်ရေးကုမ္ပဏီများကို အသုံးပြုနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly