သင်္ကန်းကျွန်းက Boss KTV မီးလောင်

သင်္ကန်းကျွန်းက Boss KTV မီးလောင်

ဇူလိုင်လ ၈ ရက်၊ ၂၀၂၁ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် သံသုမာလမ်းပေါ်ရှိ Boss KTV သည် ယနေ့ နံနက် ၆နာရီ ၂၀ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ခဲ့ခြင်းကြောင့် အခန်းတစ်ခန်းသာ ပျက်စီးဆုံးရှုံးမှု ရှိသည်ဟု အဆိုပါ ကေတီဗီမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

" မီးလောင်မှု အသေးစားလေးပါ။ ကျွန်တော်တို့ လျှပ်စစ်ရှော့ဖြစ်ပြီး လောင်သွားတာ။ အခန်းတစ်ခန်းတော့ ပျက်စီးသွားပါတယ်''ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို ၁၀မိနစ်ခန့် မီးငြိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ Boss KTVသည် ကိုဗစ်ကာလဖြစ်သော်လည်း မနေ့ကအထိ ဖွင့်လှစ်ဆဲဖြစ်ပြီး လက်ရှိမီးလောင်သွားသည့်အတွက် ဆက်ဖွင့်ရန် ရှိမရှိ မသိသေးကြောင်း ဝန်ထမ်းတစ်ဦးကပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly