ကျောက်မဲတွင် မိုင်းနင်းမိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ 

ကျောက်မဲတွင် မိုင်းနင်းမိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ 

ဇူလိုင် ၈

ကျောက်မဲမြို့တွင် တောင်ယာတစ်ခုအနီး မိုင်းနင်းမိ၍ တောင်ယာလုပ်သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ဇူလိုင် ၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု လူမှုရေးအဖွဲ့များအပြောအရသိရသည်။

ကျောက်မဲမြို့နယ်၊ လွယ်အံတင်းအုပ်စု၊ ကောင်းခါးကျေးရွာတွင် အမျိုးသမီးနှစ်ဦးသည် ရွာအနီးရှိ တောင်ယာသို့အသွားတွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ်တစ်ဦး သေဆုံးပြီး အသက် ၅၃ နှစ် အရွယ်တစ်ဦး ဒဏ်ရာရခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly