လွိုင်ကော်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူအမျိုးသားတစ်ဦးသေဆုံး

လွိုင်ကော်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူအမျိုးသားတစ်ဦးသေဆုံး

ဇူလိုင် ၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့အမျိုးသားတစ်ဦး ဇူလှိုင်လ ၆ ရက်နေ့ ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ 

အဆိုပါ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးက နေမကောင်းဖြစ်တာကြောင့် ဇူလိုင်လ ၆ ရက်နေ့ ညမှာ ရွှေလွိုင်ကော်ပရဟိတအသင်းမှ ဆေးရုံသို့ သွားရောက်ပို့ဆောင်ခဲ့ရာ ဆေးရုံမရောက်ခင် လမ်းခုလတ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားမှာ ဇူလိုင်လ ၂ရက်နေ့မှာ မန္တလေးကနေ ပြန်ရောက်လာပြီးနောက် နေမကောင်းဖြစ်ကာ ဆေးရုံအသွား လမ်းခုလတ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်းကိုတော့ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ဆေးစစ်ရာမှာကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကအတည်ပြုကာသေဆုံးသူနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို Quarantine ထားရှိပြီး ဆေးစစ်ချက်ယူသွားမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly