ဟေတီသမ္မတ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားဖြတ်ဝန်ကြီးချုပ် ကြေညာ 

ဟေတီသမ္မတ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားဖြတ်ဝန်ကြီးချုပ် ကြေညာ 
Photo - AFP

ဇူလိုင် ၇

ဟေတီသမ္မတ ယိုဗနယ်မွိုက်စ်ဟာ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက သူ့နေအိမ်မှာ လက်နက်ကိုင်အုပ်စုတစ်စုက လုပ်ကြံသတ်ဖြတ်သွားကြောင်း ကြားဖြတ်ဝန်ကြီးချုပ် ကလို့ဒ်ဂျိုးဆက်က ကြေညာပါတယ်။ 

ဂျိုးဆက်က လက်ရှိမှာ သူဟာ နိုင်ငံအကြီးအကဲအဖြစ် တာဝန်ယူထားပြီလို့ ပြောပါတယ်။ 

သမ္မတ ယိုဗနယ်မွိုက်စ်ရဲ့ ဒဏ်ရာရ ဇနီးဖြစ်သူကိုတော့ ဆေးရုံမှာ တင်ပို့ထားတယ်လို့ ကလို့ဒ်ဂျိုးဆက်က ပြောပြီး ပြည်သူတွေအနေနဲ့ စိတ်အေးအေး ထားကြဖို့ တိုက်တွန်းသလို ရဲနဲ့ စစ်တပ်က ပြည်သူ့လုံခြုံရေးကို ဂရုစိုက်သွားဖြစ်တယ်လို့ အာမခံပြု ပြောပါတယ်။ 

“သမ္မတကို သူ့ နေအိမ်မှာ အင်္ဂလိပ်နဲ့ စပိန်စကားပြောတဲ့ နိုင်ငံခြားသားတွေက လုပ်ကြံသွားခဲ့တာပါ”လို့ ဂျိုးဆက်က ဆိုပါတယ်။ 

သမ္မတ ယိုဗနယ်မွိုက်စ်ဟာ သူ့ သက်တမ်း ကုန်ဆုံးချိန် အပါအဝင် အငြင်းပွားစရာတွေကြောင့် ၂၀၁၈ မှာ လွှတ်တော်ရွေးကောက်ပွဲတွေ နှောင့်နှေးနေခဲ့ပြီးနောက် ရုံးတော်အမိန့်ဒီဂရီအားဖြင့် အမေရိကရဲ့ အဆင်းရဲဆုံး ဟေတီနိုင်ငံကို အုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။ 

နိုင်ငံရေးအကျပ်အတည်းအပြင် မကြာသေးတဲ့ လတွေမှာ ပြန်ပေးဆွဲငွေညှစ်မှုတွေ တိုးမြင့်ဖြစ်ပွားလာခဲ့ပြီး ကာရေဘီယံဒေသ ဟေတီနိုင်ငံမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ဩဇာကြ ကြီးထွားလာခဲ့ပါတယ်။ 

နိုင်ငံအနေနဲ့ နာတာရှည် ဆင်းရဲမွဲတေမှုနဲ့ သဘာဝဘေးဒုက္ခတွေကိုလည်း မကြာခဏ ရင်ဆိုင်နေရတာပါ။ 

သမ္မတ ယိုဗနယ်မွိုက်စ်ရဲ့ အုပ်ချုပ်ပိုင်ခွင့်ဟာ တရားမဝင်ဘူးလို့ လူထု အများအပြားဆီက ကြီးမားပြင်းထန်တဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး လေးနှစ်အတွင်း ဝန်ကြီးချုပ် ခုနစ်ဦးအထိ အပြောင်းအလဲတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကလို့ဒ်ဂျိုးဆက်ကိုလည်း ဝန်ကြီးချုပ်ရာထူး သုံးလတာအပြီး ဒီ သီတင်းပတ်မှာ အစားထိုးဖယ်ရှားခံရဖွယ် ရှိတယ်လို့ ယူဆထားတာလည်း ဖြစ်ပါတယ်။ 

သမ္မတ၊ လွှတ်တော်နဲ့ ဒေသန္တရရွေးကောက်ပွဲတွေအပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုလည်း စက်တင်ဘာလအတွင်းမှာ ကျင်းပဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly