စစ်ကောင်စီတပ်က ပြည်လွှတ်တော်အမတ်နေအိမ်ကို သော့ဖျက်ဝင်ရောက်ကာ ပစ္စည်းများယူ 

စစ်ကောင်စီတပ်က ပြည်လွှတ်တော်အမတ်နေအိမ်ကို သော့ဖျက်ဝင်ရောက်ကာ ပစ္စည်းများယူ 
 ဓါတ်ပုံ- ဖေဖော်ဝါရီလအတွင်းက ပြည်တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအိမ်ကို စစ်သားများလာရောက်ဖျက်စီးသွားခဲ့သည်။

ဇူလိုင် ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်မြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ နေအိမ်ကို ယမန်နေ့က စစ်ကောင်စီတပ်များက သော့ဖျက်ဝင်ရောက်ကာ ပစ္စည်းများယူဆောင်သွားမှုဖြစ်ပေါ်ခဲ့သည်။ 

စစ်ကောင်စီတပ်များထပ်မံဖမ်းဆီးမည့် ရန်ဘေးကလွတ်အောင် တိမ်းရှောင်နေသည့် ဦးကျော်ဇေယျကတော့ "ဓါးပြ သူခိုးထက်" ပိုသွားပြီဟု တုံ့ပြန်လိုက်သည်။

"အိမ်မှာက TV၊ aရခဲသေတ္တာ၊ ပန်ကာ၊ ပရိဘောဂ၊ ဆိုင်ကယ်နှစ်စီး ၊စက်ဘီးတစ်စီး၊ ရေမော်တာ တန်ဖိုးသိန်း ၆၀ ကျော်လောက်ရှိတယ်။ အခုဒီလိုလုပ်တာ မင်းမဲ့စရိုက်ဆန်လွန်းအားကြီးတယ်ဗျာ။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ပြည်သူတွေက မလုံခြုံတော့ဘူး။ ဒီကောင်တွေက ဓါးပြ သူခိုးထက်ပိုသွားပြီး"ဟု သူက ပြောသည်။

 ဓါတ်ပုံ- ဖေဖော်ဝါရီလအတွင်းက ပြည်တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအိမ်ကို စစ်သားများလာရောက်ဖျက်စီးသွားခဲ့သည်။

ကနောင်မင်းသားမင်းသားကြီးလမ်း၊ စက်မူ့ကွက်သစ်၊ ရွာဘဲရပ်ကွက် လမ်းမကြီးနံဘေးရှိနေအိမ်သို့ ဇူလိုင် ၆ ရက်နေ့ တွင် စစ်သားများလာရောက်၍ ပစ္စည်းသယ်သွားခဲ့သည်ကို အိမ်နီးပတ်ဝန်းကျင်များကတဆင့်ကြားသိခဲ့ရခြင်းဖြစ်သည်။

 "မနက် ၁၁ နာရီလောက်မှာ အိမ်စီးကားနဲ့ စစ်တပ်က လာတယ်။ အိမ်သော့ကို ဖျက်ပြီး ပစ္စည်းတွေသယ်သွားတယ်။ ညမှာလဲထပ်လာပြီးတော့ သယ်တယ်။ အဲ့မှာကြတော့ ကားအကြီးနဲ့ပါသယ်သွားတာဗျ။ ဘာတွေပါသွားလည်းဆိုတာတော့ အတိအကျမသိဘူး။ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူးလေ"ဟု  ဦးကျော်ဇေယျက ပြောသည်။

 ဓါတ်ပုံ- ဖေဖော်ဝါရီလအတွင်းက ပြည်တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအိမ်ကို စစ်သားများလာရောက်ဖျက်စီးသွားခဲ့သည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ပွဲနှစ်ကြိမ်တိုင်တိုင် အနိုင်ရခဲ့သော ဦးကျော်ဇေယျကိုလည်း ထိန်းသိမ်းခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် သူနှင့်အတူ ဇနီး၊ သမီးနှစ်ယောက်တို့ပါ ထွက်ပြေးသိမ်းရှောင်နေရသည်။ 

ဖေဖော်ဝါရီလထဲမှာပင် တိုင်းဒေသကြီး (၂) ကိုယ်စားလှယ်၏နေအိမ်ကို ရဲနဲ့စစ်သားများက လာရောက်ခဲ့သေးပြီး နေအိမ်ကို  သေနတ်၊လေးခွများဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ပြီး အိမ်နီးနားချင်းများကိုလည်း သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ဖူးသည်။   

အသက် ၃၈ နှစ်အရွယ်လွှတ်တော်အမတ်သည် ၂၀၁၅ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်အနိုင်ရခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required