ပုဇွန်တောင်မြို့နယ် ၅၄လမ်း ၅၅လမ်းကြားရှိ ဂိုထောင် မီးလောင်

07 July 2021
ပုဇွန်တောင်မြို့နယ် ၅၄လမ်း ၅၅လမ်းကြားရှိ ဂိုထောင် မီးလောင်

ဇူလိုင် ၇

ပုဇွန်တောင်မြို့နယ်အတွင်း ဂိုထောင်တစ်လုံးတွင် ဗုဒ္ဓဟူးနေ့က နှစ်နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး  ပုဇွန်တောင်မြို့နယ်  (၂) ရပ်ကွက်အတွင်း ၅၄လမ်းနှင့် ၅၅လမ်းကြားရှိ ဂိုထောင်တွင် နေ့လည် ၂ နာရီခန့်မှစတင်လောင်ကျွမ်းပြီး ၃ နာရီ ၅၅ မိနစ်တွင် ငြိမ်းသတ်သွားခဲ့သည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့က အဆင့် (၂) အဖြစ်နောက်ဆုံးသတ်မှတ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly