ကလေးမြို့နယ် နတ်မြောင်းရွာမှာ ကိုဗစ်ကူးစက်ခံရသူ ၆ ရက်အတွင်း ၅၀ ဦးရှိလာ

ကလေးမြို့နယ် နတ်မြောင်းရွာမှာ ကိုဗစ်ကူးစက်ခံရသူ ၆ ရက်အတွင်း ၅၀ ဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်မြောင်းရွာမှာ ကိုဗစ် ၁၉ ကူးစက်လူနာ ၅၀ ထိ ရှိနေပြီလို့ အဲ့ဒီ့ရွာအတွက် ပရဟိတ ကူညီဆောင်ရွက်ပေးနေသူ J Hmue Nor မဇ္ဈိမကို ပြောပါတယ်။  

ဇူလိုင်လ ၁ ရက်က သံသယလူနာတစ်ဦး ဆုံးပါးရာကနေ ဇူလိုင်လ ၂ ရက်နေ့မှာ စတင်စစ်ဆေးရာ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိခဲ့ပြီး ယနေ့ ဇူလိုင် ၇ ရက်အထိ ၆ ရက်အတွင်း ရွာသားအယောက် ၆၀ ကို စစ်ဆေးပေးရာမှာ ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ Positive လူနာ အယောက် ၅၀ ထိ ရှိခဲ့တာဖြစ်ပါတယ်။

ထိုအထဲက လူနာ ၄၅ ဦးကို ကျေးရွာ စာသင်ကျောင်းမှာပဲ ကိုဗစ်စင်တာဖွင့်ကာ ထားရှိပြီး ကျန် ငါးဦးကတော့ အိမ်မှာပဲ Home Quarantine ထားရှိတယ်လို့  J Hmue Nor က ပြောပါတယ်။ လက်ရှိမှာ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ ကူးစက်ခံရသူများထဲမှာ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၈ ဦး ရှိကာ ငါးနှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ ယောက်ျား လေးတစ်ဦး စုစုပေါင်း ကလေးငယ် သုံးဦး ရောဂါပိုး ကူးစက်ခံထားရပါတယ်။ အိမ်ထောင်စု တစ်စုကတော့ အိမ်ရှိ အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး ရောဂါပိုးတွေ့ရှိတဲ့အတွက် လသားအရွယ် ကလေးငယ်ပါ စင်တာမှာ Quarantine ဝင်နေရပါတယ်။

နတ်မြောင်းရွာက ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်း နှစ်ဦးအပါအဝင် Volunteer ၁၅ ဦးက စောင့်ရှောက်မှုပေးလျက် ရှိပါတယ်။ ဒါ့အပြင် ကလေးမြို့က Volunteer ဆရာဝန်တစ်ဦးကလည်း နေ့စဉ် လာရောက်ကြည့်ရှုပေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ နတ်မြောင်းရွာအတွက် အောက်စီဂျင်ဘူး အသေး ၅ ဗူးသာရှိတဲ့အတွက် အောက်စီဂျင် ဘူးကြီးတွေနဲ့ ‌နေ့စဉ် အသုံးပြုနေရတဲ့ PPE ဝတ်စုံတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စင်တာမှာ ကူညီဆောင်ရွက်ပေးနေတဲ့ Volunteer တွေအတွက် နံနက်စာကို ရွာက အလှူရှင်တွေက ပို့ပေးကြပြီး နေ့လည်စာနဲ့ ညစာကိုတော့ ဘုန်းကြီးကျောင်းမှာ ကာလသားခေါင်းဆောင်က ချက်ကာ နံနက်စာကို ရွာက အလှူရှင်တွေက ပေးပို့ကြပြီး နေ့လယ်စာနှင့် ညစာကို ဘုန်းကြီးကျောင်းမှာ ကာလသားခေါင်ဆောင်က ချက်ပြီး နေ့စဉ် ပို့ပေးလျက်ရှိပါတယ်။

နတ်မြောင်းရွာမှာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly