ကလေးမြို့က ကိုဗစ် ၁၉ ကူးစက်ခံရသူတွေကို ကူညီပေးနေတဲ့စေတနာ့ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းချက်

07 July 2021
ကလေးမြို့က ကိုဗစ် ၁၉ ကူးစက်ခံရသူတွေကို ကူညီပေးနေတဲ့စေတနာ့ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းချက်

အောက်ဆီဂျင်တွေကိုသာ လုံလောက်အောင် ရရှိခဲ့မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်း ကိုဗစ် ၁၉ ကြောင့် သေဆုံးသူအရေအတွက် အတော်လျော့သွားနိုင်တယ်လို့ မြေပြင်မှာ လက်တွေ့ကူညီလုပ်ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

ကလေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က သေဆုံးသူစုစုပေါင်း အယောက် ၄၀ ကျော် ရှိခဲ့ပြီး ဒီသေဆုံးသွားကြသူတွေအားလုံးက ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ခံရတာကြောင့် သေဆုံးရတာလို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြောဆိုရေးသားနေကြပေမယ့် ကိုဗစ် ၁၉ ကူးစက်ခံရတာကြောင့်မဟုတ်ဘဲ သေဆုံးသွားသူတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှု အခြေအနေအကြောင်းနဲ့ ပတ်သက်ပြီး ကလေးမြို့က ကိုဗစ် ၁၉ ကူးစက်ခံရသူတွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်းတဦးကို မဇ္ဇျိမက ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly