ယာဉ်ထိန်းရဲ နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအား ဖ.ဆ.လ.တ သတိပေး

ယာဉ်ထိန်းရဲ နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအား ဖ.ဆ.လ.တ သတိပေး

ဇူလိုင် ၆

အကြမ်းဖက်စစ်အုပ်စုအတွက် ပြည်သူများထံမှအခွန်အခကောက်ယူနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း(YESC)အား ရန်ကုန်မြို့ရှိ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံတပ်ဖွဲ့(ဖ.ဆ.လ.တ)မှ ယနေ့ဇူလိုင်လ ၆ ရက်ညနေ့တွင် သတိပေးစာထုတ်ပြန်လိုက်သည်။ 

အဆိုပါ YESC ဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်အသုံးစရိတ်ရရှိနိုင်ရေးဆောင်ရွက်ရန် အခွန်ဆက်ကြေးသကဲ့သို့ ကောက်ခံရာတွင်ပြည်သူလူထုအား ခြိမ်းခြောက်ကောက်ခံလာသည်။ ထို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့၀င်များသည်လည်း ပြောက်ကျားလှုပ်ရှားမှု၊တိုက်ခိုက်မှုများကိုတန်ပြန်နိုင်ရန် သတင်းပေးပို့ခြင်း၊ယာဉ်များစစ်ဆေးခြင်း၊ပိတ်ဆို့ရှာဖွေခြင်း၊စစ်ကောင်စီအတွက်ယာဉ်လမ်းကြောင်းရှင်းလင်းပေးခြင်းတို့အားတက်ကြွစွာလုပ်ဆောင်ပေးနေသည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ထို့ကြောင့် အဆိုပါလုပ်ငန်းများမရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံတပ်ဖွဲ့(ဖ.ဆ.လ.တ) အနေဖြင့် လိုအပ်သည်မျာကို မလွှဲမရှောင်သာဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ယနေ့ ဇူလိုင်လ ၆ ရက်တွင်လည်း ရန်ကုန်မြို့အတွင်းရှိ ကမာရွတ်၊ တာမွေ ပုစွန်တောင် နှင့်အခြားမြို့နယ်အချို့ရှိ ရပ်ကွက်နှင့် နေအိမ်အချို့တွင် လျှပ်စစ်ရုံးမှ EPC အဖွဲ့များက မီတာဘေလ် မပေးဆောင်သည့် နေအိမ်များသို့ လျှပ်စစ် မီးကြိုးများကို စတင်ဖြတ်တောက်နေကြောင်း မြို့ခံပြည်သူများထံမှသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required