ပုသိမ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာ

ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်ခံရသူ ၅၀၀ ကျော်နဲ့ သေဆုံးသူ ၁၂ ဦး အထိရှိလာပြီလို့  ဒေသခံလူမှုရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

ပုသိမ်မြို့မှာ ဇူလှိုင်လ ၁ ရက်နေ့က နှစ်ယောက်၊ ဇူလှိုင်လ ၂ရက်နေ့မှာ လေးယောက်၊ ဇူလှိုင် ၃ ရက်နေ့မှာက နှစ်ယောက်၊ ဇူလှိုင် ၄ ရက်နေ့မှာ သုံးယောက်နှင့် ဇူလှိုင် ၅ ရက်နေ့မှာ တစ်ယောက် စုစုပေါင်း ၁၂ ယောက် COVID-19 ရောဂါနဲ့ သေဆုံးခဲ့ရတာပါ။

"ကိုဗစ်ကြောင့် သေဆုံးသူတွေနေ့တိုင်းရှိလာတယ်။ အသက်ကြီး ရောဂါအခံရှိသူတွေ သေဆုံးမှုဖြစ်နေတယ်။ အခုချိန်က အပြင်မထွက်သင့်ဘူး ပိုသတိထားရမယ်။  ပိုးတွေ့နှုန်းလည်းများလာတယ်" လို့ ပုသိမ်မြို့ခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီက မြို့ကို Stay at home သတ်မှတ်ထားပြီး၊ ကျောင်းတွေကိုယာယီ ပိတ်၊ စျေးတွေမှာလည်း စားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်တွေကိုပဲ ရောင်းချခွင့်ပေးထားတယ်လို့သိရပါတယ်။

ပုသိမ်မြို့မှာ ဇူလှိုင် လ ၅ ရက်နေ့ တစ်ရက်တည်းမှာ ကိုဗစ်ရောဂါတွေ့ရှိသူ ၉၃ ယောက်ရှိနေပြီး ဇူလှိုင်လ တစ်လထဲမှာလက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၅၀၆ ယောက်ရှိနေတာလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly