မြန်မာပြည်ပြန် တရုတ်အမျိုးသားတွင် ကိုဗစ်-၁၉ ကူးစက်နေ 

မြန်မာပြည်ပြန် တရုတ်အမျိုးသားတွင် ကိုဗစ်-၁၉ ကူးစက်နေ 
Photo: မြစ်ကြီးနား-ကန်ပိုက်တည် လမ်းပိုင်းတစ်နေရာ

ဇူလိုင် ၆

ဖားကန့် မြေမှပြန်သွားသော တရုတ်နိုင်ငံသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ယနေ့တွင် တရုတ်နိုင်ငံက အကြောင်းကြားလာသည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူကပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကန်ပိုက်တီဂိတ်ပေါက်မှတဆင့်ဝင်ရောက်လာသော ကချင်ပြည်နယ် ကျောက်စိမ်းမြေမှပြန်သွားသည့် တရုတ်နိုင်ငံသားကိုကျန်းမာရေးစစ်ဆေးသည့်အခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ကျဆရာဝန်က ပြောသည်။

ထိုသို့အကြောင်းကြားမှုနောက်ပိုင်း မြန်မာဘက်တွင် အဆိုပါတရုတ်အမျိုးသားနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ်မှုများပြုလုပ်နေလျက်ရှိသည်။  

ကန်ပိုက်တီမြို့မှာ ယနေ့အထိ ကိုဗစ်လူနာ တစ်ဦးရှိပြီး မြစ်ကြီးနား - ကန်ပိုက်တီလမ်းပေါ်မှာရှိသော ဝိုင်းမော်မြို့မှာ ကိုဗစ်လူနာ ၅၀ဦးအထိ ရှိနေပြီဟု ဝိုင်းမော်မြို့ကျန်းမာရေးအဆင့်မြင့်အရာရှိက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly