မြောက်ကက်ရှ်မီးယားရှိ ကမ္ဘာ့လှည့်ခရီးသည်များ လည်ပတ်သည့်နေရာ သန့်ရှင်းရေးတွင် စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်

By India Blooms News Service
06 July 2021
မြောက်ကက်ရှ်မီးယားရှိ ကမ္ဘာ့လှည့်ခရီးသည်များ လည်ပတ်သည့်နေရာ သန့်ရှင်းရေးတွင် စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်

မြောက်ကက်ရှ်မီးယားဒေသ၏ ခရိုင်တစ်ခုရှိ ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်လည်ပတ်ရာ ရှရန့်ဇ်ဖောရေတံခွန်တွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဒေသခံ စေတနာ့ဝန်ထမ်းများ ပါဝင်ခဲ့ကြသည်။

ရှရန့်ဇ်ဖောရေတံခွန်သည် ကရာရီဒေသ၊ နီဂလီနာလာနှင့် ကန်ဒီဒေသရှိ ပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဝေပေးနေသည့် နေရာဖြစ်သလို ရေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာလည်းဖြစ်ကာ ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်သည့် နေရာတစ်ခုအဖြစ် အစိုးရက ဖွံ့ဖြိုးရေးအစီအစဉ်တွင် ထည့်သွင်းထားသည်။

စိမ်းလန်းသည့် ပတ်ဝန်းကျင်ရှိသော ရှရန့်ဇ်ဖောရေတံခွန်သည် ဘာရာမူလာခရိုင်ရှိ တန်မာ့ချ်နှင့် ဂလူမာ့ချ်သို့လာသည့် ဧည့်သည်များ လည်ပတ်လေ့ရှိသော နေရာဖြစ်သည်။

ဇူလိုင် ၄ ရက်က ရှရန့်ဇ်ဖောရေတံခွန်အနီးဝန်းကျင်ကျေးရွာများမှ စေတနာ့ဝန်ထမ်းများသည် နယ်မြေသန့်ရှင်း စင်ကြယ်ရေးအတွက် ဧည့်သည်များကို အသိပေးနှိုးဆော်ရန် တစ်နေ့တာ သန့်ရှင်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြရာတွင် ဆရာများ၊ ကျောင်းသားများနှင့် ဘာရာမူလာ ခရိုင်အရာရှိတစ်ဦးအပါအဝင် လူ ၄၀ ပါဝင်ခဲ့ကြသည်။

“မိမိတို့ရဲ့ပတ်ဝန်းကျင် သန့်ရှင်းရေးအရေးကြီးကြောင်း အခုလို လှုံ့ဆော်ခွင့်ရတာဟာ ကြုံကြိုက်ခဲ့တဲ့ အခွင့်အလမ်းဖြစ်ပါတယ်” ဟု ပါဝင်လုပ်အားပေးခဲ့သည့် ဆရာတစ်ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly