ကိုဗစ်တတိယလှိုင်းဟာ သေဆုံးသူပိုများနေတဲ့အတွက် မပေါ့ကြဖို့ AA  ထုတ်ပြန်

ကိုဗစ်တတိယလှိုင်းဟာ သေဆုံးသူပိုများနေတဲ့အတွက် မပေါ့ကြဖို့ AA  ထုတ်ပြန်

ဇူလိုင် ၆

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းကာလမှာ ကူးစက်၊ သေဆုံးသူ အရေအတွက်ပိုများနေလို့ မပေါ့ဆကြဖို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အခုကာလဟာ အရင်ကာလတွေနဲ့မတူတဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာရှိနေလို့ သတိကြီးကြီးထားရမယ့် အနေအထားဖြစ်နေတယ်လို့လဲ ဆိုပါတယ်။

န်မာပြည်အနှံ့အပြားမှာလည်း ကူးစက်မှုတွေ ခပ်စိပ်စိပ်တွေ့လာနေရပြီး အခုရက်ပိုင်း မောင်တောမြို့မှာကူးစက်ခံရသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ ပြည်မကနေ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ရောက်လာသူတွေဖြစ်ကြောင်းလည်း ULA/ AA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီ့အပြင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ COVID-19 ရောဂါနဲ့ပက်သက်လို့ ကြိုတင်ကာကွယ်၊ တားဆီး စစ်ဆေးခြင်းလုပ်ငန်းတွေကို ထိရောက်စွာမလုပ်နိုင်သေးဘူးလို့လည်း AA ကဆိုပါတယ်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေးဌာန၊ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့တို့က ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေကို တသွေမတိမ်းတိကျစွာလိုက်နာကြဖို့နဲ့ မပေါ့ဆကြဖို့ကို အထူးသတိပေးကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly