မော်လမြိုင်ကျွန်းမြို့ သောင်တိုးမြေအရပ်မှာဗုံးပေါက်

မော်လမြိုင်ကျွန်းမြို့ သောင်တိုးမြေအရပ်မှာဗုံးပေါက်

ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ သောင်တိုးမြေအရပ်မှာ ရှိတဲ့ လူမှုဖူလုံးရေးရုံးအနီးမှာ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန်က ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

လူမှုဖူလုံရေးရုံး၊ ပညာမှူးရုံး၊တိမွေးကု ရုံးနဲ့ အခြားဌာနဆိုင်ရာရုံးတွေရှိတဲ့ လမ်းအတွင်းပေါက်ကွဲခဲ့တာလို့လည်းသိရပါတယ်။

"မနေ့ညက အုပ်ချုပ်ရေးမှူးရုံးခန်းထဲမှာ တစ်လုံးပေါက်တယ်၊ တစ်မြို့လုံးက သူတို့အချင်းချင်းလုပ်ကြံပြီး ဗုံးခွဲတာလို့ပြောနေကြလို့ ပြည်သူတွေဖောက်တာလို့ ထင်အောင် ဗုံးထပ်ဖောက်တာ၊ ဒီည ဗုံးမပေါက်ခင် အဲ့ဒီလမ်းထဲကို စစ်သားတွေအများကြီးဝင်သွားတယ်၊ ဒီလမ်းထဲ ဝင်လာတဲ့သူကို ပစ်မယ်လို့လည်းပြောသွားတယ်၊ကျွန်တော်တို့မြို့မှာ PDF လည်းမဖွဲ့ရသေးဘူး။ ဖောက်ခွဲမယ့်သူလည်းမရှိဘူး" လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲပြီးချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက လက်နက်အင်အားတွေနဲ့ သောင်တိုးမြေအရပ်မှာ ရှိနေတယ်လို့သိရပြီး ဒဏ်ရာရရှိမှု ရှိ၊မရှိ ကိုတော့မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly