အခြခံစားသောက်ကုန်တွေကို ဈေးတင်မရောင်းဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

အခြခံစားသောက်ကုန်တွေကို ဈေးတင်မရောင်းဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

အခြေခံစားသောက်ကုန်တွေကို အဆမတန် ဈေးတင်မရောင်းဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

လက်ရှိအခြေအနေဟာ ပြည်သူတွေ စားဝတ်နေရေး၊ ကျန်းမာရေး စတဲ့အခြေခံလိုအပ်ချက်တွေ အလွန်ခက်ခဲနေလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးလိုက်တာပါ။

ဒါကြောင့် ပြည်သူအချင်းချင်း လက်ဝါးကြီးအုပ်ပြီး အခြေခံစားသောက်ကုန်တွေရဲ့ တန်ဆာခတွေ၊ တန်ဘိုးတွေကို အဆမတန် ဈေးတင်ရောင်းချနေတဲ့ ကုန်သည်တွေအနေနဲ့ မြေပြင်မှာ သင့်တင့်တဲ့ နှုန်းထားနဲ့ ပြန်လည်ဆောင်ရွက်ပေးဖို့ကို ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တကယ်လို့ လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် ထိရောက်ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ဆောင်ရွက်ရလိမ့်မယ်လို့လည်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

အလားတူပဲ မင်းတပ်မြို့မှာ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီဘက်ကအင်အားတိုးထားသလို အပစ်ရပ် သတ်မှတ်ရက်လည်း ပြည့်ပြီဖြစ်လို့ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required