မြိုင်ကြီးငူဒေသနဲ့ ကမမောင်းကစစ်ရှောင်တွေ အကူအညီလိုအပ်နေ

မြိုင်ကြီးငူဒေသနဲ့ ကမမောင်းကစစ်ရှောင်တွေ အကူအညီလိုအပ်နေ

စစ်တပ်က အာဏာလုပြီးနောက်ပိုင်း ဖာပွန်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု  တစ်ထောင်လောက် အကူအညီတွေ လိုအပ်နေပါပြီ။

စစ်ပြေးရှောင်တွေဟာ မြိုင်ကြီးငူဒေသနဲ့ ကမမောင်းကို နှစ်လကျော်ကြာ ရောက်ရှိခိုလှုံနေကြရတာဖြစ်ပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတာပါ။

စစ်ဘေးရှောင် အိမ်ထောင်စု တစ်ထောင်ဝန်းကျင်အတွက် မြိုင်ကြီးငူဆရာတော်နဲ့ အလှူရှင်တွေက ဝိုင်းဝန်ကူညီထောက်ပံ့ပေးခဲ့ပေမယ့် လူဦးရေများပြားတဲ့အတွက် မနိုင်မနင်း စဖြစ်လာတာပါ။

" အိမ်ကိစ္စကတော့ ဆရာတော်က အိမ်အလုံး ၄၀ ဆောက်ပေးမယ်။ ရွာပြန်ဖို့အဆင်မပြေတဲ လူတွေ အတွက်ပေါ့။ အိမ်အလုံး ၄၀ တလုံးကို ၂ သိန်းနှုန်းပေါ့။ တကယ်တော့ ဘယ်လောက်ပါ့မလဲ တချို့ကတော့ နီးစပ်ရာဆွေမျိုးအသိုင်း အဝိုင်းအိမ်မှာ နေတယ်လို့လည်း ကြားရတာပေါ့" လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေလို့ ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ဘေးရှောင်တွေကတော့နေရပ်ကို ပြန်မရဲသေးပါဘူး။ 

အကြောင်းကတော့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းတွေရှိနေပြီး စစ်အုပ်စုကတပ်စွဲထားတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တဲ့အပြင် တချို့ရွာတွေမှာက တိုက်ပွဲကြောင့် အိမ်တွေမီးလောင်ခဲ့ရလို့ပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly