စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုမလုပ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုမလုပ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့ အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူ ဒဏ်ခတ်မှုတွေ မလုပ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၃ ရက်နေ့ တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောဆိုခဲ့တာပါ။

“ ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် ပြည်သူတွေရဲ့ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားပြီး သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုတဲ့ ကိစ္စရပ်တွေပိုမိုလုပ်ဆောင်ပြီး တစ်ဖက်သတ် အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်တဲ့ ကြားဝင်မှုကို ရှောင်ကြဉ်သင့်တယ်” ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒီ့အပြင် မြန်မာနိုင်ငံရဲ့ပြဿနာဟာ ပြည်တွင်းရေးဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံဉပဒေမူဘောင်ထဲကနေ ဆွေးနွေးပြီးဖြေရှင်းရမှာလို့လဲဆိုပါတယ်။

အကြမ်းဖက်ကိစ္စတွေ ထပ်မဖြစ်အောင်ရှောင်ကြဉ်ပြီး နိုင်ငံတွင်းတည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်ရမယ်လို့လည်း ဝမ်ယိကပြောပါတယ်။

ဒီ့အပြင် အာဆီယံနည်းလမ်းနဲ့ မြန်မာနိုင်ငံအရေးကိုကိုင်တွယ်ဖို့ တွန်းအားပေးလိုက်ပြီး COVID ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ စီးပွားရေးအကူအညီတွေကိလည်း ပေးအပ်သွားမယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required