တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အထိမ်းအမှတ်တွင် အိန္ဒိယ လက်ဝဲကွန်မြူနစ်ပါတီများက ရှီကျင့်ဖျင်နှင့် တရုတ်ကို ၀မ်းမြောက်စကားပြော

တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အထိမ်းအမှတ်တွင် အိန္ဒိယ လက်ဝဲကွန်မြူနစ်ပါတီများက ရှီကျင့်ဖျင်နှင့် တရုတ်ကို ၀မ်းမြောက်စကားပြော

အိန္ဒိယကွန်မြူနစ်ပါတီ (CPI) နှင့် အိန္ဒိယကွန်မြူနစ်ပါတီ-မာ့က်စ်ဝါဒီ (CPM) တို့သည် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ နှစ် ၁၀၀ ပြည့်မြောက်မှု အခိုက်သမယတွင် ၀မ်းမြောက်စကား ဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပေါ် ကိုင်တွယ်ခဲ့မှု နည်းလမ်းနှင့်ပတ်သက်ပြီး CPC ကို ချီးကျူးခဲ့သည်။

“နိုင်ငံတကာ ဘဏ္ဍာရေး ငွေလုံးငွေရင်းနဲ့ ဦးဆောင်တဲ့ နယ်ချဲ့ နီယိုလစ်ဘရယ် ဂလိုဘယ်လိုက်ဇေးရှင်းက ဖြေရှင်းချက်နည်းလမ်းတစ်ခုခု ထောက်ပံ့မှုပိုင်းမှာ ယင်းရဲ့ လုံးလုံးလျားလျား ချွတ်ခြုံကျမှုကို ပြသနေပါတယ်၊ ကိုဗစ် ကပ်ရောဂါကို တိုက်ဖျက်ထိန်းချုပ်ခဲ့တဲ့၊ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့အတူ ယင်းရဲ့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ခဲ့တဲ့၊ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတစ်ခုဆီ ပြန်တွန်းတင်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ရဲ့ စံထားထိုက်တဲ့ လုပ်နည်းကိုင်နည်းပုံစံကတော့ အရင်းရှင်၀ါဒ အပေါ်က စနစ်တစ်ခုအဖြစ် ဆိုရှယ်လစ်ဇင်ရဲ့ သာလွန်မှုကို ထူထောင်နေတဲ့ ကမ္ဘာကြီးအတွက် သင်ခန်းစာတစ်ခုပါပဲ” ဟု CPM အထွေထွေအတွင်းရေးမှူး စီတာရမ် ယီချူရိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ပေးပို့သည့် ၎င်း၏ စာထဲတွင် ရေးသားထားသည်။

“ဆင်းရဲချမ်းသာ မညီမျှမှုနဲ့ အကျင့်ပျက်ခြစားမှုတို့ကို အမြစ်ပြတ်ရှင်းလင်းမယ့် အားထုတ်မှုတွေ၊ ဘ၀နေထိုင်မှုအရည်အသွေးကို မြှင့်တင်မယ့် အားထုတ်မှုတွေက PRC ကို ၂၀၄၉ မတိုင်မီ ကြီးပွားချမ်းသာတဲ့၊ အားကောင်းတဲ့၊ အဖွဲ့၀င်များသဘောကျစီမံအုပ်ချုပ်တဲ့၊ ယဉ်ကျေးမှု အဆင့်မြင့်မားတဲ့၊ သဟဇာတဖြစ်တဲ့ ‘ခေတ်မီ ဆိုရှယ်လစ် နိုင်ငံတစ်နိုင်ငံ’ တည်ဆောက်မယ့် ရာစုနှစ် ရည်မှန်းချက် ပြည့်မြောက်ဖို့အတွက် လမ်းကြောင်းပေါ် ရောက်ရှိထားစေခဲ့ပါတယ်” ဟု ယီချူရိုင်က ပြောခဲ့သည်။

CPI အထွေထွေအတွင်းရေးမှူး ဒီ ရာဂျာကလည်း သီးခြားစာတစ်စောင်ထဲတွင် ထင်ရှားပေါ်လွင်သော စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် နိုင်ငံကို ဦးဆောင်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ချီးကျူးထားခဲ့ကြောင်း The Times of India က ဖော်ပြသည်။

သို့သော် အိန္ဒိယ၏ ဘီဂျေပီ ပါတီနှင့် ကွန်ဂရက်ပါတီတို့က CPC ထံ မည်သည့် ၀မ်းမြောက်ကြောင်း သတင်းစကားမှ မပေးပို့ဘဲ ရှိနေခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required