တရုတ်က ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်သည့် ဆေးပစ္စည်းများကို ၂၀၂၀ တွင် ၃ ဆနီးပါး တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၁၀၅ ဘီလျံ တန်ဖိုးရှိ

တရုတ်က ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်သည့် ဆေးပစ္စည်းများကို ၂၀၂၀ တွင် ၃ ဆနီးပါး တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၁၀၅ ဘီလျံ တန်ဖိုးရှိ

၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် ဆေးပစ္စည်းများ အမြောက်အများကို တရုတ်က ပြည်ပသို့ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀၅ ဘီလီယံ ရှိကာ ယခင်နှစ်ကထက် ၃ ဆနီးပါး တင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဆိုသည်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အရေးကြီးသည်ဟု ယူဆထားသည့် တရုတ်ထုတ်ကုန်များသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံအထိ ရှိခဲ့ပြီး ၃ နီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်နှစ်ကုန်တွင် ပထမဆုံးအစီရင်ခံခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကမ္ဘာက တုံ့ပြန်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်းများကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံအထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်း ၁၆ ရာခိုင်နှုန်းရှိခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာ့ကုန်သွယ်မှု၏ စုစုပေါင်းတန်ဖိုးသည်၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းကျုံ့သွားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်မှုတွင် ဆေးဘက်ဆိုင်ရာကုန်ပစ္စည်းများကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာကြောင်း WTO၏ ၂၀၂၀ ပြည့်နှစ် ဖွံ့ဖြိးမှု အစီရင်ခံစာ၏ ကိုဗစ်-၁၉ ကိုင်တွယ်ခြင်းနှင့် ဆက်စပ်မှုရှိသော ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်းများ ကုန်သွယ်မှုအညွှန်းကိန်းတွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ရပ်တန့်ရန် ကြိုးပမ်းရာတွင် အလွန်အရေးကြီး သည်ဟု သတ်မှတ်ခဲ့သော ကုန်ပစ္စည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသည် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထိုကုန်ပစ္စည်းများတွင် မျက်နှာဖုံးများ၊ အသက်ရှုစက်များ၊ လက်သန့်ဆေးရည်များ၊ နှုန်းလွန်အသံဖမ်းစက်များပါဝင်သည်။

ကမ္ဘာပေါ်တွင် ကုန်ပစ္စည်း ရောင်းချသည့် ထိပ်တန်း ၃ နိုင်ငံဖြစ်သော တရုတ်၊ အမေရိကန်နှင့် ဂျာမနီတို့သည် ကိုဗစ်-၁၉ အတွက် အရေးကြီးသော ထုတ်ကုန်များကိုလည်း အများဆုံးထုတ်သည့် နိုင်ငံများဖြစ်နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းကမ္ဘာ့ကုန်ပစ္စည်းကုန်သွယ်မှုအချိုးတွင် ယင်းသုံးနိုင်ငံသည် ၃၁ ရာခိုင်နှုန်းခန့်ရှိသော်လည်း ကိုဗစ်-၁၉ အတွက် အရေးကြီးသော ထုတ်ကုန်များထုတ်လုပ်မှုတွင် ၄၁ ရာခိုင်နှုန်း ရှိသည်။ ကမ္ဘာ့ထိပ်ဆုံး ၁၀ နိုင်ငံသည် နိုင်ငံတကာကုန်ပစ္စည်း ထောက်ပို့မှု၏ ၇၂ ရာခိုင်နှုန်းခန့်ရှိသော်လည်း ပဉ္စမနေရာမှ ဒသမနေရာရှိသော နိုင်ငံများ၏ စီးပွားရေးပါဝင်မှုအချိုးမှာ သေးငယ်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ အစီရင်ခံစာက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required