တရုတ်သည် ကုလကို အောက်ခြေမှ အထက်ထိ နှောင့်ယှက်ရန် လုပ်ဆောင်နေဟု အမေရိကန်သံအမတ်ဟောင်း ပြောကြား

တရုတ်သည် ကုလကို အောက်ခြေမှ အထက်ထိ နှောင့်ယှက်ရန် လုပ်ဆောင်နေဟု အမေရိကန်သံအမတ်ဟောင်း ပြောကြား

အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ယင်းတို့အကျိုးစီးပွားကို တိုးမြှင့်ရန်အတွက် တရုတ်အပါအဝင် ပြိုင်ဘက်နိုင်ငံများက နိုင်ငံတကာအဖွဲ့အစည်းများအား ကြိုးကိုင်ခြယ်လှယ်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်သည်။

ဝါရှင်တန်အခြေစိုက် အကြံပေးပညာရှင်များ အဖွဲ့ဖြစ်သော Foundation for Defence of Democracies ၏ အစီရင်ခံစာတွင် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်သည့် နိုင်ငံများအဖြစ် အထူးသဖြင့် တရုတ်နှင့် ရုရှားကို ညွှန်ပြခဲ့သည်။

“ နိုင်ငံတကာ အဖွဲ့အစည်းများအတွက် ပိုမိုကောင်းမွန်သော စက္ကူပြာစာတမ်း” အမည်ရှိ အစီရင်ခံစာတွင် ထရမ့်အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း နစ်ကီဟာလေက အမေရိကန်သည် "အမှားအယွင်းမရှိ၊ တောင်းပန်ခြင်းမရှိဘဲ ကျွန်မတို့၏ ပြိုင်ဘက်များကို ကြံ့ကြံ့ခံရင်ဆိုင်ရမည်" နိဒါန်းစကားတွင် ဖော်ပြထားသည်။

“ သူငယ်ချင်းတွေနဲ့ အတူ ရဲရဲရင့်ရင့် သတ္တိရှိရှိ ရပ်တည်သင့်ပါတယ်။ ကိုယ့်ရဲ့အခြေခံမူတွေကို ယုံကြည်ချက်ရှိရှိ ရှင်းရှင်းလင်းလင်းရပ်တည်ဖို့လိုပါတယ်” ဟု ဟာလေက ပြောကြားခဲ့ပြီး အချို့နိုင်ငံများက ကုလသမဂ္ဂကို မိမိတို့၏ အကျိုးစီးပွားနှင့် မကောင်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုနေသည်ဟုလည်း ဟာလေက ဆိုသည်။

အမေရိကန်ဦးဆောင်သော ဆုံးဖြတ်ချက်များကို ရုရှားက အတိတ်ကာလတွင် ဗီတိုအာဏာသုံးခဲ့ခြင်းကို ဖော်ပြခဲ့သည့်အပြင် ဟာလေက အမေရိကန်က ကွန်မြူနစ်တရုတ်ကိုလည် သတိထားရမည်ဟု ဆိုသည်။

“ ရုရှားလိုပဲ တရုတ်အစိုးရက လုံခြုံရေးကောင်စီမှာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး တရားမျှတတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ပိတ်ပင်နေပါတယ်” ဟု သူမက ပြောခဲ့သည်။

“ကုလသမဂ္ဂကို အောက်ခြေကနေ အထက်ထိ ဖောက်ပြန်သွေဖယ်သွားအောင် တရုတ်က တိတ်တဆိတ်လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂအေဂျင်စီတိုင်းကို တရုတ်က အသွင်သဏ္ဍာန်နည်းလမ်းဖြင့် ထိန်းချုပ်ထားတယ်။ သူ့လုပ်ရပ်တွေက အန္တရာယ်များပြီး မကြာခဏ ဆိုးရွားပါတယ်"ဟု ဟာလေက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်ခံရတာကို ဘယ်နှစ်နိုင်ငံကများ ကြောက်ရွံ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့လို့လဲ" ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီဝန်ထမ်းဟောင်းဖြစ်သူ ရစ်ချတ်ဂတ်ဘာ့ဂ်က တရုတ်နှင့် ရုရှားတို့သည် အမြဲတမ်းအဖွဲ့ဝင်များ၏ ဗီတိုအာဏာများကို လွတ်လပ်စွာ အသုံးပြုခဲ့ပြီး ကုလသမဂ္ဂကို အမြတ်ထုတ်ရန်အတွက် ရှုပ်ထွေးသည့် နည်းလမ်းပေါင်းစုံကို တရုတ်က အသုံးပြုနေကြောင်းလည်း သူက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required