ကားအမြန်ငှားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား တရုတ်အစိုးရက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်

By ANI
05 July 2021
ကားအမြန်ငှားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား တရုတ်အစိုးရက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်

တရုတ်နိုင်ငံ၏ အကြီးဆုံး ကားအမြန်ငှား ဝန်ဆောင်မှုကုမ္ပဏီ Didi Chuxing အား နိုင်ငံတော်အချက်အလက် လုံခြုံရေးနှင့် ပတ်သက်သည့်ကိစ္စများအတွက် အစိုးရ အင်တာနက်စောင့်ကြည့် ထိန်းသိမ်းရေးအဖွဲ့က စုံစမ်းမှုများ စတင်လုပ်ဆောင်လျှက်ရှိသည်။

နယူးယောက်စတော့ အိတ်ချိန်း (NYSE) တွင် ကုမ္ပဏီအား စတင်ထည့်သွင်းခဲ့ပြီး ၂ ရက် ကြာပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးခဲ့ကြောင်း NHK World သတင်းတွင် ဖော်ပြခဲ့သည်။ Didi ၏ အစုရှယ်ယာများသည် ယခုနှစ်အတွင်း ဒုတိယအများဆုံး ရောင်းရသည့် စာရင်းတွင် ပါဝင်ကြောင်း NYSE က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်စဉ်ကာလအတွင် အသုံးပြုရန် လျှောက်ထားသူအသစ်များကို အာဏာပိုင်များက ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သည်။

ယခုဖြစ်စဉ်တွင် နိုင်ငံတွင်း ထင်ရှားသည့် အိုင်တီနည်းပညာသုံး ကုမ္ပဏီကြီးများကို အစိုးရက နောက်ထပ် နှိပ်ကွပ်မှုတစ်ခုအဖြစ် ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ယခုနှစ် ဧပြီလအတွင်းက တရုတ်အစိုးရသည်

တရုတ်၏ အွန်လိုင်း ရောင်းဝယ်ရေး လုပ်ငန်းကြီးဖြစ်သော Alibaba Group ကို ဒဏ်ငွေအများအပြား ချမှတ်ခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက်လုပ်ငန်း ကုမ္ပဏီကြီးများအကြား ယှဉ်ပြိုင်မှုကို အားမပေးသော အလေ့အထအား နှိပ်ကွပ်ရာတွင် နိုင်ငံတွင်း အလျင်အမြန်တိုးတက်နေသည့် နည်းပညာဆောင်ရွက်ချက်များကို ရှင်းလင်းရန် အစိုးရက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။

တရုတ်အစိုးရ၏ ကြပ်မတ်အရေးယူဆောင်ရွက်သည့် အဖွဲ့အစည်းများက နည်းပညာကုမ္ပဏီများသည် ဈေးနှုန်းအမျိုးမျိုး ယူနေကြောင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုနေကြောင်း၊ လုပ်ငန်းခွင် အခက်အခဲ အမျိုးမျိုး ရှိနေကြာင်းစသည့် ကျူးလွန်မှုများ ရှိသည်ဟု အပတ်စဉ် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအပေါ် ဈေးကွက်လွှမ်းမိုး ထိန်းချုပ်ရန် လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်သည့် စည်းမျဉ်းများကို အသုံးပြုလျှက်ရှိသည်။ ဈေးကွက်အသာစိးရရန် ကြိုးပမ်းရာတွင် အငြင်းပွားဖွယ်ရာ နည်းလမ်းများကို အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဧပြီလအတွင်းက စည်းကမ်းထိန်းချုပ်ရေး အရာရှိများသည် Alibaba ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ဒဏ်ငွေချမှတ်ခဲ့သည်။

နည်းပညာကုမ္ပဏီများ၏ အမူအကျင့်များကို ကြပ်မတ်ရာတွင် နိုင်ငံသားများက ပါဝင်ကူညီရန်လည်း စည်းကမ်းထိန်းချုပ်ရေးအဖွဲ့အစည်းများက တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required