တရုတ်နိုင်ငံ၏စနစ်သည် ဒီမိုကရေစီ ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား

By The News
05 July 2021
တရုတ်နိုင်ငံ၏စနစ်သည် ဒီမိုကရေစီ ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား
Photo: EPA

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက တရုတ်ကွန်မြူနစ်ပါတီ (CPC) ကို စံနမူနာတစ်ခုအဖြစ် ချီးမွမ်းလိုက်ပြီး အနောက်နိုင်ငံများ၏ ဒီမိုကရေစီထက် ပိုမိုကောင်းမွန် ဇူလိုင် ၁ ရက်က ပြောကြားလိုက်သည်။

“လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေ တိုးတက်ဖို့ အနောက်အုပ်စုရဲ့ ဒီမိုကရေစီစနစ်က အကောင်းဆုံးပဲလို့ ခုချိန်ထိ ကျွန်တော်တို့ကို ပြောနေကြတယ်။ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီကတော့ အခြားနည်းလမ်းတစ်ခုအဖြစ် မိတ်ဆက်လိုက်ပြီး သူတို့ လူမှုအသိုင်းအဝိုင်းကို ကောင်းမွန်ဖို့လုပ်ဆောင်ရာမှာ အနောက်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲ ဒီမိုကရေစီစနစ်ထက်သာလွန်ကြောင်း ပြနိုင်ခဲ့ပါတယ်” ဟု၎င်းက ထောက်ပြပြောဆိုသည်။

“လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတစ်ခုမှာ အုပ်ချုပ်သူအလွှာက တာဝန်ယူမှုရှိပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှ ကျင့်သုံးတဲ့စနစ် အောင်မြင်တယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းသုံးတဲ့ စနစ်မှာ ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူမှုွေနဲ့ ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဒါပေမယ့် CPC ကတော့ ဒီမိုကရေစီမကျင့်သုံးဘဲ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ သူတို့ရဲ့စနစ်က ကျွမ်းကျင်မှု အရည်သွေးကို စစ်ထုတ်တာဖြစ်ပြီး ဒီမိုကရေစီ စနစ်ထက် ပိုမိုကောင်းမွန်စေပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုကို ပိုမိုကောင်းမွန်၍ အောင်မြင်မှုရှိစေရန် လုပ်ဆောင်နေကြောင်းလည်း အီမရန်ခန်းက ပြောသည်။

“ကျွန်တော်တို့နဲ့ အနောက်နိုင်ငံတွေမှာ စည်းမျည်းစည်းကမ်း လုပ်ထုံးလုပ်နည်း‌တွေ ချည်နှောင်ထားတာကြောင့် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အစီအစဉ်ကို ၅ နှစ်အတွက်ပဲ ချမှတ်လို့ရတယ်” ဟုလည်း ပြောကြားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကဲ့သို့ ခေါင်းဆောင်များသည် အောက်ခြေမှစတင်၍ အလုပ်လုပ်နိုင်ပြီး ကြာမြင့်စွာ ကြိုးပမ်းပြီးမှသာ ခေါင်းဆောင်တစ်ဦး ဖြစ်လာနို်ငမည်ဖြစ်ကြောင်း၊ ယင်းစနစ်သည် အနောက်နိုင်ငံများတွင် မရှိကြောင်း၊ အမေရိကန်သမ္မတတစ်ဦးသည် ယင်းကဲ့သို့ ပင်ပန်းစွာ လုပ်ဆောင်ရခြင်း မရှိကြောင်း၊ ရှီကျင့်ဖျင်ကဲ့သို့ သမ္မတများ ထိပ်ဆုံးသို့ ရောက်သည့်အခါ စနစ်တစ်ခုလုံးကို ကောင်းစွာ နားလည်သွားရာ တရုတ်၏ တစ်မူထူးခြားသည့် စနစ်တစ်ခုဖြစ်ကြောင်း အီမရန်ခန်းက ပြောသည်.

ပါကစ္စတန်-တရုတ် ဆက်ဆံရေးနှင့် ပတ်သက်၍ “ပါကစ္စတန်မှာ နိုင်ငံရေး သို့မဟုတ် နိုင်ငံတကာ အရေးကိစ္စတွေမှာ အခက်အခဲ ကြုံတွေ့ရတိုင်း တရုတ်အစိုးရက ကျွန်တော်တို့နဲ့အတူ ရပ်တည်ခဲ့တယ်။ တရုတ်ပြည်သူတွေက ပါကစ္စတန်နိုင်ငံသားတွေရဲ့ အထူးနေရာတစ်ခုမှာ ရှိနေပါတယ်” ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required