မော်လမြိုင်ကျွန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးပေါက်

မော်လမြိုင်ကျွန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးပေါက်

ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ စျေးလေးလမ်းက အမှတ် ၁၂ အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း  ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ 

အဲ့ဒီရပ်ကွက်ရုံးမှာ စစ်ကောင်စီက ဌာနေပြည်သူ့စစ် တပ်ခွဲရုံး ဖွင့်ပြီး သင်တန်းပေးနေတာလဲ ဖြစ်ပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ထိုင်တဲ့ ထိုင်ခုံနဲ့ စာပွဲခုံအောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက သင်တန်းပေး လက်နှက်ကိုင်ခိုင်းထားတဲ့ ပြည့်သူ့စစ်တစ်ဦးရဲ့ ပေါင်ကို ဗုံးစမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ကိုဗစ်တွေ့တာ အယောက် ၅၀လောက်ရှိမယ်။ တမြို့လုံးကလူတွေကြောက်လန့်ပြီးအပြင်သိပ်မထွက်ကြဘူး။ ခုပေါက်တဲ့ရုံးက တစ်ရုံးလုံးလိုလိုဒလန်ကြီးတွေချည်းပဲ၊ အုပ်ကြီးဖြစ်ချင်တဲ့လူကလည်းများတယ်။ ဒီအချိန်မျက်နှာစိမ်းကအဲ့ဒီရုံးကိုသွားပြီး အုပ်ကြီးခုံအောက်မှာဗုံးကပ်ထားခဲ့တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုတွေအပြီး မိနစ်အနည်းငယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ရဲတွေက ရုံးအတွင်းစစ်ဆေးတာတွေပြုလုပ်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့တာကြောင့် သိမ်းယူသွားပြီး ည ၁၂ နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့ပေါ်ကို ကားတွေနဲ့ လှည့်လည်နေတယ်လို့သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့မှာ PDF ဖွဲ့စည်းထားခြင်းမရှိသေးဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly