ချောင်းသာတွင် ကိုဗစ်ပိုးတွေ့လူနာ သေဆုံး

ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီးရှိ နာမည်ကြီးကမ်းခြေတစ်ခုဖြစ်သော ချောင်းသာကမ်းခြေတွင် ကိုဗစ်-၁၉ တကျော့ပြန်ဖြစ်ပွားအပြီး  ပထမဆုံးအဖြစ် ဒေသခံအမျိုးသားတစ်ဦး ကွယ်လွန်သွားခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဒေသခံအမျိုးသားသည် ကိုဗစ်ရောဂါပိုးတွေ့ပြီးနောက် ဆေးကုသမှုခံယူနေစဉ် ယနေ့(ဇူလိုင်လ ၄ ရက်နေ့) တွင် ကွယ်လွန်သွားဖြစ်ကြောင်း ဒေသခံများကပြောသည်။

" အရင်တုန်းကတော့ ကိုဗစ်တိုက်ဖျက်ရေးမှာ ဒေသခံအရပ်ဘက်အဖွဲ့တွေက တက်ညီလက်ညီရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက် အာဏာပိုင်နဲ့ မဆက်စပ်ချင်ကြတော့ဘူး။ အခုတော့ လူနာဦးရေလည်း တိုးလာတာရယ် ၊ရောဂါထိန်းချုပ်ရေးအတွက် အရေးကြီးလို့ ပြန်ကူကြဖို့ ဆုံးဖြတ်ကြတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ကွယ်လွန်သူအမျိုးသားသည် ဆီးချိုရောဂါအခံရှိသည်ဟုလည်း သိရသည်။ ချောင်းသာကမ်းခြေတွင် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့လူနာဦးရေသည် ဇူလိုင် ၄ရက်အထိ ၃၅ဦးထပ်မနည်းရှိနေပြီဟု ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းဂယက်နှင့် ကိုဗစ်ရောဂါ ဂယက်ကြောင့် ကမ်းခြေသို့ လာရောက်လည်ပတ်သူ နည်းပါးနေသလို အရောင်းအဝယ်များလည်း မကောင်းတော့၍  အခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly