အင်းတကော်ရဲစခန်း ကိုဗစ်-၁၉ ကူးစက်မှုများပြားနေ၍ စခန်းကို Lock down ချလိုက်ရ

အင်းတကော်ရဲစခန်း ကိုဗစ်-၁၉ ကူးစက်မှုများပြားနေ၍ စခန်းကို Lock down ချလိုက်ရ

ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး အင်းတကော်နယ်မြေရဲစခန်းတွင် စခန်းမှုးအပါအဝင် ရဲမိသားစုဝင်၂၃ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်မှုဖြစ်ပွားနေရာ စခန်းတစ်ခုလုံးကို လော့ဂ်ဒေါင်းချမှတ်လိုက်ရသည်။

 "ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ဝင် နှစ်ယာက်က အနံပျောက်လို့ဆိုပြီး ဆေးစစ်ရာကနေတွေ့တာ နောက်ထပ်သုံးယောက်၊ အခုမနေ့ကစခန်းမှုးအပါဝင် ရဲမိသားစုဝင်၁၈ယောက်ထပ်တွေ့တယ်"ဟု အမည်မဖော်လိုသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးမှပြောသည်။ 

 အင်းတကော်ရဲစခန်း လုပ်ငန်းများကို ပဲခူးအမှတ် (၃) ရဲစခန်းမှ တာဝန်ယူလုပ်ဆောင်နေကြောင်းသိရသည်။

ပဲခူးမြိုနယ်သည် ဇွန်လမှစတင်ကာ ကိုဗစ်ကူးစက်ခံရသူ၂၀၀ ဝန်ကျင်ရှိပြီး ငါးဦးသေဆုံးခဲ့ပြီးဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly