တရုတ်ကို ကူညီပြီး အကျင့်ပျက်ခြစားမှုတွင် ပါဝင်သည့် အယ်လ်ဆာဗာဒေါနိုင်ငံသား ၂ ဦးကို အမေရိကန်အစိုးရက အမည်ပျက်စာရင်း ထည့်သွင်း

တရုတ်ကို ကူညီပြီး အကျင့်ပျက်ခြစားမှုတွင် ပါဝင်သည့် အယ်လ်ဆာဗာဒေါနိုင်ငံသား ၂ ဦးကို အမေရိကန်အစိုးရက အမည်ပျက်စာရင်း ထည့်သွင်း

တရုတ်အစိုးရကို ကူညီပြီး မိမိတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးခဲ့သည့်အတွက် ‘အကျင့်ပျက်ခြစားမှုနှင့် ဒီမိုကရေစီနှင့် ဆန့်ကျင်စွာ လုပ်ဆောင်သူများ’ အစီရင်ခံစာတွင် အယ်လ်ဆာဗာဒေါ အရာရှိ ၂ ဦးအား ဇူလိုင် ၂ ရက်က အမည်ပျက်စာရင်း ထည့်သွင်းလိုက်သည်။

မြို့တော်ဝင်ဟောင်း အက်ဇီကီမီလာသည် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ကာ မိမိ၏ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံမှ ပွဲစားတစ်ဦးအား ကာရစ်ဘီယံကျွန်းတစ်ကျွန်းဖြစ်သည့် ပါရီကိုအား ရောင်းချခဲ့ကြောင်း အယ်ဆာဗာဒေါနိုင်ငံရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရွေးကောက်ပွဲခုံရုံး တရားသူကြီးတစ်ဦးဖြစ်သည့် လူးဝစ်ဝဲလ်မန်းကာပီယိုကလည်း ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ကာလလယ် ရွေးကောက်ပွဲတွင် တရုတ်၏ အန္တရာယ်ရှိသော လွှမ်းမိုးမှုကို ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းအများအပြားနှင့် မဲလက်မှတ်စာရင်းမှတ်တမ်းတို့နှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီတစ်ခုကို ကန်ထရိုက်ဆောင်ရွက်ခွင့်ပေးခဲ့သည်။

La Union မြို့တော်ဝန်ဟောင်းဖြစ်သည့် မီလာနှင့် ဝဲလ်မန်းကာပီယိုတို့သည် ကွန်ဆာဗေးတစ် Arena ပါတီနှင့် ချိတ်ဆက်ထားသူများ ဖြစ်သည်။

အယ်လ်ဆာဗာဒေါနိုင်ငံဆိုင်ရာ အမေရိကန်သံမှူး ယန်းမိန်းက နိုင်ငံတကာမှ ပါဝင်စွက်ဖက်မှုကို ရှုတ်ချခဲ့ကာ အကျင့်ပျက်ခြစားမှုတစ်ခုသာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

“အဓိကကျတာကတော့ တစ်စုံတစ်ယောက်ဟာ လာဘ်စားတာ ဒါမှမဟုတ် သူတို့ရဲ့ အစိုးရရာထူးကို အလွဲသုံးစားလုပ်ပြီး တရားမဝင်ငွေကြေးရယူခြင်းပဲ ဖြစ်ပါတယ်” ဟု မိန်းက ပြောသည်။

ဒေသတွင်း တရုတ်၏ လုပ်ဆောင်ချက်များအပေါ်လည်း ထည့်သွင်းစဉ်းစားစရာ လိုကြောင်း သူမက ပြောသည်။

“တရုတ်အစိုးရက နောက်ကွယ်ကနေ တိတ်တဆိတ် ဝင်ပါနေတဲ့ နိုင်ငံအများအပြားရှိပါတယ်။ ပွင့်လင်းမြင်သာမှု မရှိသလို အဲဒီနိုင်ငံသားတွေအပေါ်မှာ အကျိုးလည်းမရှိစေပါဘူး။ အချို့ဖြစ်စဉ်တွေမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့တောင် အပေးအယူလုပ်နေပါတယ်” ဟု မိန်က ပြောသည်။

အမေရိကန်အစိုးရ၏ အဆိုပါ အစီရင်ခံစာများသို့ ထည့်သွင်းခံရသူများသည် အမေရိကန်နိုင်ငံက ဗီဇာထုတ်ပေးခြင်းအား ပယ်ဖျက်လိုက်သလို နိုင်ငံသို့ လာရောက်ခွင့်လည်း မပြုတော့ပေ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကျွန်းကို ဝယ်ယူသူသည် တရုတ် စီးပွားရေးသမား ဘိုယမန်ဖြစ်ပြီး ၎င်း၏ Gold Will Industrial Limited S.A. de C.V. ကပင် ရွေးကောက်ပွဲသုံးပစ္စည်းများကို ရောင်းချပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required