တရုတ်နိုင်ငံ ယန်ထန်းဆိပ်ကမ်းတွင် ကိုဗစ်ကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ခြိမ်းခြောက်ခံနေရ

တရုတ်နိုင်ငံ ယန်ထန်းဆိပ်ကမ်းတွင် ကိုဗစ်ကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ခြိမ်းခြောက်ခံနေရ

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပြီးတွင် ကမ္ဘာ့ကုန်စည်သိုလှောင်တင်ပို့မှု၏ ၅ ရာခိုင်နှုန်း ပိတ်မိနေကြောင်း ဂျာမနီမှ အကြံပေးပညာရှင်များအဖွဲ့က သတိပေးထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရန်အတွက် ပိတ်ဆို့မှုများကြောင့် သင်္ဘောသယ်ယူပို့ဆောင်ရေး များစွာ နှောင့်နှေးခဲ့ရပြီး ကမ္ဘာစီးပွားရေးလည်း များစွာအထိနာခံပြီးချိန်တွင် ယင်းအကျပ်အတည်းဖြစ်ပေါ် လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကုန်သွယ်ရေးအချက်အချာဖြစ်သည့် ရှန်ကျန်းမြို့ရှိ ယန်ထန်းဆိပ်ကမ်းတွင် နယ်ခံဆိပ်ကမ်း အလုပ်သမားများ အစုလိုက်အပြုံလိုက် ကိုဗစ်ရောဂါကူးစပ်မှုကြောင့် ဇွန်လက ကုန်ပစ္စည်းတင်ပို့သည့် ကွန်တိန်နာများ လက်ခံခြင်းကို ရပ်ဆိုင်းခဲ့သည်။

ဇွန် ၂၉ရက်ကထုတ်ဝေခဲ့သော ကမ္ဘာ့စီးပွားရေးဆိုင်ရာ ကီးအယ်အင်စတီကျူ့ (IfW) မှအချက်အလက်အသစ်များအရ စုပြုံနေသော အလုပ်များကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်နိုင်ကြောင်းကို ဖော်ပြခဲ့သည်။

အဓိကကုန်ပစ္စည်းများရှားပါးလာခြင်းနှင့် ပစ္စည်းများ၏ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုကိုမြင့်တက်စေသည့် အချိန်တွင် ယခုကဲ့သို့ ကြုံတွေ့လာခြင်း ဖြစ်သည်။

တင်းကျပ်သည့် ပိတ်ဆို့မှုများပြီးနောက် အာရှစီးပွားရေးအင်အားကြီးနိုင်ငံများက ယင်းတို့၏ စီးပွားရေးစတင်ကာစအခြေအနေဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက အခြေအနေကဲ့သို့ပင် တရုတ်နိုင်ငံ၏ ပုလဲမြစ်ဝကျွန်းပေါ်ဒေသတဝိုက်တွင် ရေကြောင်းပို့ဆောင်ရေးနှောင့်နှေးမှုများသည် ဖြစ်သွားပြီဖြစ်ကြောင်း IfW သုတေသီများမှတွေ့ရှိခဲ့သည်။

နှောင့်နှေးကြန့်ကြာမှု၏ အကျိုးဆက်များသည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသော အချက်အချာကျသော စူးအက်တူးမြောင်းတွင်လည်း ဖြစ်ပေါ်နေပြီဖြစ်ပြီး ယင်းတူးမြောင်းတွင် ကုန်တင်သင်္ဘောများသည် မျှော်မှန်းထားသည်ထက် ၁၀ ရာခိုင်နှုန်းလျော့နည်းသွားသည်ဟု ၎င်းတို့က သတိပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required