အမေရိကန်က ပါကစ္စတန်နှင့် တူရကီကို ကလေးစစ်သားစုဆောင်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်း

အမေရိကန်က ပါကစ္စတန်နှင့် တူရကီကို ကလေးစစ်သားစုဆောင်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်း

စစ်ရေးအကူအညီများနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်များတွင် ပါဝင်မှုကို တင်းကျပ်စေမည့် ကလေးစစ်သားကာကွယ်တားဆီးရေးအက်ဥပဒေ (CSPA) စာရင်းတွင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့အား ထပ်မံထည့်သွင်းခဲ့ကြောင်း အမေရိကန် အစိုးရက ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ကို လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားထုတ်မှုများနှင့်အညီ နိုင်ငံများကို အဆင့်သတ်မှတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာ တွင် ဖော်ပြထားသည်။

အမေရိကန် ကလေးစစ်သားကာကွယ်တားဆီးရေးအက်ဥပဒေသည် ယခင်နှစ်ကာလအတွင်း(၂၀၂၀၊ ဧပြီ ၁ ရက်မှ ၂၀၂၁ မတ်လ ၃၁ အထိ) ကလေးစစ်သားစုဆောင်းအသုံးပြုခဲ့သည့် နိုင်ငံခြားအစိုးရများ၏ လူကုန်ကူးမှုနှင့် ပတ်သက်သည့် နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ချက်များ လိုအပ်သည်။

စစ်တပ်များ၊ ရဲတပ်ဖွဲ့၊ အခြားလုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရထောက်ပံ့သောလက်နက်ကိုင်အဖွဲ့များကို စစ်ဆေးပြီး ယင်းစာရင်းတွင် ထည့်သွင်းခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ကလေးစစ်သားကာကွယ်တားဆီးရေးအက်ဥပဒေ (CSPA) စာရင်းတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ မာလီ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆီးရီးယား၊ တူရကီ၊ ဗင်နီဇွဲလားနှင့် ယီမင်တို့ ပါဝင်သည်။

ကွန်ဂို၊ ဆိုမာလီယာနှင့် ယီမင်နိုင်ငံတို့သည် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ CSPA စာရင်းတွင် ပါဝင်ခဲ့သည်။ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ မာလီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်နှင့် ဆီးရီးယားတို့သည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အနည်းဆုံး ၁ ကြိမ်ထက်မက ပါဝင်ခဲ့သည်။

အစိုးရ ၆ ဖွဲ့ကို ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး CSPA စာရင်းတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required