တရုတ်၏ ခြိမ်းခြောက်မှု ကြီးမားလာချိန်တွင် ဂျပန်က ဖိလစ်ပိုင်နှင့် လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်၏ ခြိမ်းခြောက်မှု ကြီးမားလာချိန်တွင် ဂျပန်က ဖိလစ်ပိုင်နှင့် လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် မဟာမိတ်အင်အားစုဆောင်းနေသည့် ဂျပန်နိုင်ငံက အင်ဒို-ပစိဖိတ်ဒေသ၏ အဓိက မဟာမိတ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နှင့် လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျှက်ရှိသည်။

“ဖိလစ်ပိုင်ရဲ့ မဟာဗျူဟာ မိတ်ဖက်နဲ့ မိတ်ဆွေနိုင်ငံအဖြစ် နှစ်နိုင်ငံ ပူးတွဲစစ်ရေ လေ့ကျင့်မှုဟာ လေတပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေနိုင်ပါတယ်” ဟု ဂျပန်လေတပ် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်မှူး မီဇူနိုက ဇူလိုင်၁ ရက်က မနီလာမြို့ရှိ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂျပန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့မှု တိုးတက်လာတဲ့ နိုင်ငံဖြစ်တာကြောင့် တရုတ်ကို ရင်ဆိုင်ရာမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ အမေရိကန်အရာရှိတွေက မျှော်လင့်ထားပါတယ်။ ၄ ရက်ကြာ စစ်ရေး လေ့ကျင့်မှုသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်မှု သက်သာစေရန် အဓိကထားသော်လည်း အဆင့်မြင့် ထူးခြားသည့် စစ်ရေးလေ့ကျင့်မှုသည် တရုတ်အနေဖြင့် ဂျပန်နိုင်ငံသာမက ဖိလစ်ပိုင်အပါအဝင် အိမ်နီးချင်းနိုင်ငံများနျင့် နယ်နမိတ် ပိုင်ဆိုင်မှု အငြင်းပွားရာတွင် စစ်အင်အား၊ ရန်လိုမှုများကို တိုးမြှင့်လာသည့်အပေါ်တွင် ဂျပန်အစိုးရက အချက်ပြခြင်းလည်း ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် ယခင်ကပင် ရှိခဲ့သည့် အမေရိကန်နှင့် သမိုင်းဝင် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်သဘောတူစာချုပ်ကို စွန့်လွှတ်၍ တရုတ်နှင့် နွေးထွေးသည့် ဆက်ဆံ‌ရေး ထူထောင်ရန် ကြိုးစားခဲ့သည်။

“ဂျပန်နှင့် ဖိလစ်ပိုင်တို့ဟာ သဘာဝဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရတဲ့ နိုင်ငံတွေ ဖြစ်သလို အသက်တွေကို ကယ်တင်ဖို့နဲ့ အကူအညီလိုအပ်နေသူတွေကို သက်သာရာ ရရှိဖို့ သဘာဝဘေးအန္တရာယ်ထိခိုက်မှု သက်သာစေရေးတွေကို အတူတကွ လုပ်ဆောင်နိုင်ပါတယ်”ဟု မီဇူနိုက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required