ပဲခူးမြို့က ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးမြို့က ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ပစ်သတ်ခံရ
Photo မတ်လ၁၄ရက်နေ့တွင် ပဲခူးမြို့အလံနက်စတင်လွှင့်တင်ခဲ့သည့်ပုံ (ပုံအဟောင်း)

ဇူလိုင် ၄

ပဲခူးမြို့ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဇူလိုင်လ၄ရက်နေ့ နံနက်၈နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံရ‌ေကြာင်း မြို့ခံများက‌ ‌ပြောသည်။

"သူ့ကို ဆိုရှယ်လစ်လမ်း(၈)လမ်းနားမှာ သူ့ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး၂ချက်ပစ်သွားတာ ခေါင်းနဲ့ဗိုက်ထိသွားတယ်ဗျ။ ဆေးရုံမှာဆုံးတယ်လို့ကြားတယ် "ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ 

အဆိုပါသေဆုံးသူမှာ ဦးကျော်ကျော်ဆိုသူဖြစ်ပြီး  ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ပြီး မြို့ခံများ၏ပြောပြချက်အရ လူသေဆုံးမှု့များခဲ့သည့် ဧပြီလ၉ရက်နေ့ဖြစ်စဥ်တွင် စစ်တပ်ကိုသတင်းပေးခဲ့သူ ဒလန်တစ်ယောက်ဖြစ်သည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly