Alibaba ဦးဆောင်၍ ငွေကြေးအကြပ်အတည်းဖြစ်နေသော တရုတ်လက်လီလုပ်ငန်း ကုမ္ပဏီအတွက် ငွေကြေးထုတ်ပေးရန် စီစဉ်

Alibaba ဦးဆောင်၍ ငွေကြေးအကြပ်အတည်းဖြစ်နေသော တရုတ်လက်လီလုပ်ငန်း ကုမ္ပဏီအတွက် ငွေကြေးထုတ်ပေးရန် စီစဉ်

တရုတ်နိုင်ငံ၏ နာမည်ကျော် အိမ်သုံးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Haier Group Co. နှင့် Xiaomi Inc. တို့က ငွေကြေးအကြပ်အတည်းဖြစ်နေသည့် Suning.com Co., လက်လီအရောင်းလုပ်ငန်း ကုမ္ပဏီသို့ Alibaba Group Holding Ltd. နှင့်အတူ ငွေကြေးစိုက်ထုတ်ပေးရန် စဉ်းစားလျှက်ရှိကြောင်း အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ နီးစပ်သူများက ပြောကြားသည်။

တရုတ်ဘီလျံနာ ကျန်ချင်ဒေါင်း၏ Suning လုပ်ငန်းစု၏ လက်လီအရောင်း ကုမ္ပဏီမှ အစုရှယ်ယာများကို ဝယ်ယူရန် Midea Group Co., TCL Technology Group Corp. နှင့် Yuyue Group တို့က တွက်ဆလျှက်ရှိကြောင်း အမည်မဖော်လိုသူများက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီ ၂ ခုက Suning.com လုပ်ငန်းနှင့် သဘောတူညီချက် ရရှိခါနီးပြီဖြစ်သည့် Alibaba၊ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းနိုင်သည့် အခြေအနေများလည်း ရှိနေသည်။

ဆွေးနွေးမှုများ လုပ်ဆောင်နေသောလည်း ကြန့်ကြာခြင်း၊ မအောင်မြင်တို့ ရှိလာနိုင်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူများက ပြောကြားသည်။

Xiaomi ကိုယ်စားလှယ်တစ်ဦးက ယခုသတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုထားသလို Suning ၊ Haier ၊ Midea ၊ TCL နှင့် Yuyue တို့မှ ကိုယ်စားလှယ်များကလည်း လတ်တလောတွင် မှတ်ချက်ပေးမထားသေးပေ။

Suning.com သည် တရုတ်နိုင်ငံတွင် အိမ်သုံးပစ္စည်း၊ အီလက်ထရောနစ်နှင့် အခြားလူသုံးကုန်ပစ္စည်းများ ရောင်းချသည့် အကြီးဆုံး လက်လီလုပ်ငန်းများအနက် တစ်ခုဖြစ်ကာ ဈေးကွက်တန်ဖိုး ယွမ် ၅၂ ဘီလျံ (ဒေါ်လာ ၈ ဘီလျံ) ရှိကာ ဇွန် ၁၆ ရက်တွင် လုပ်ငန်းရပ်နားခဲ့သည်။

ကုမ္ပဏီအနေဖြင့် လအတော်ကြာအောင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ဝယ်ယူသုံးစွဲမှုများ လျော့ကျသွား သောကြောင့် လက်လီစီးပွားရေး လုပ်ငန်းများလည်း ကျဆင်းသွားခဲ့သည်။

ကျန်ချင်ဒေါင်းက ကမ္ဘာ့ပေါ်တွင် ကြွေးမြီအများဆုံးတင်နေသည့် အိုးအိမ်ကုမ္ပဏီဖြစ်သော China Evergrande Group မှ ရရှိမည့် ယွမ် ၂၀ ဘီလျံကို ပယ်ဖျက်လိုက်ပြီးနောက် စက်တင်ဘာလတွင် ငွေကြေးစီးဆင်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

Suning.com ၏ တန်ဖိုး ၅ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော ကျန်ချင်ဒေါင်း ပိုင်ဆိုင်သည့် ယွမ် ၃ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာများကို ပေကျင်းတရားရုံးက ထိန်းသိမ်းလိုက်ပြီးနောက် လုပ်ငန်း၏ အစုရှယ်ယာတန်ဖိုးသည် ၈ နှစ်နီးပါး ကာလအတွင်း အနိမ့်ဆုံး နီးပါးသို့ ကျဆင်းသွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required