ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှု ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၀ ဘီလျံကျော်သို့ ရောက်ရှိ

ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှု ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၀ ဘီလျံကျော်သို့ ရောက်ရှိ

ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှုသည် ပြည်ပပို့ကုန် ဆက်လက်နည်းနေပြီး သွင်းကုန်တန်ဖိုး မျှော်မှန်းထားသည်ထက် မြင့်တက်မှုတို့ကြောင့် ဘဏ္ဍာနှစ် ကုန်ခါနီးတွင် ယမန်နှစ်ကထက် ၃၂ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၇ ဒသမ ၆၁၆ ဘီလျံခန့် မြင့်တက်သွားကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၁ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းတွင် ဖော်ပြထားသည်။

၂၀၂၁ ဘဏ္ဍာနှစ် တစ်ခုလုံး၏ ကုန်သွယ်‌ရေး လိုငွေသည် ဇူလိုင်-ဇွန်တွင် ဒေါ်လာ ၃၀ ဒသမ ၇၉၆ ဘီလျံထိ ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလတွင် ဒေါ်လာ ၂၃ ဒသမ ၁၈၀ ဘီလျံရှိခဲ့သောကြောင့် အစိုးရအနေဖြင့် ပြည်ပငွေစာရင်း ထိန်းချုပ်ရေးတွင် စိန်ခေါ်မှု များစွာ ဖြစ်စေခဲ့သည်။

ရူပီးငွေအားဖြင့်ဆိုပါ နှစ်အလိုက် လိုငွေပြမှုသည် ၃၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

လအလိုက် လိုငွေပြမှုတွင် ယမန်နှစ် ဇွန်လက ဒေါ် ၂ ဒသမ ၁၂ ဘီလျံရှိခဲ့ပြီး ယခုနှစ် ဇွန်လတွင် ဒေါ်လာ ၃ ဒသမ ၃၃ ဘီလျံရှိခဲ့ရာ ရူပီးငွေအားဖြင့် ၅၇ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည်။

ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေကွာဟချက်သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်မြင့်တက်ခဲ့ရာတွင် သွင်းကုန်တန်ဖိုးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဒေါ်လာ ၆ ဒသမ ၀၅၂ ဘီလျံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလက ဒေါ်လာ ၃ ဒသမ ၇၁၉ ဘီလျံရှိခဲ့သဖြင့် ၆၂ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ လအလိုက်အားဖြင့်လည်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ရာဇက်ဒေါဝုဒ်က ဇူလိုင်၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဓိကအားဖြင့် ဂျုံနှင့်သကြားတင်သွင်းမှုများကြောင့် သွင်းကုန်တန်ဖိုး မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ကုန်ဆုံးသွားသွားသည့်ဘဏ္ဍာနှစ်အတွင်း အဆိုပါ စားသောက်ကုန် ၂မျိုးတင်သွင်းမှုသည် ဒေါ်လာ၁ ဒသမ ၂ ဘီလျံရှိခဲ့ကြောင်း ပြောကြားသည်။

ပြည်တွင်းထုတ်လုပ်မှု လျော့နည်းသွားသောကြောင့် ဝါဂွမ်းတင်သွင်းမှုသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိခဲ့သလို စက်ပစ္စည်းတင်သွင်းမှုသည် ဒေါ်လာ ၈ ဘီလျံရှိခဲ့သောကြောင့် စက်မှုလုပ်ငန်း တိုးချဲ့ ဆောင်ရွက်လာမှုကို ဖော်ပြနေသည်။

ရေနံ၊ ပဲပိစပ်၊စက်ပစ္စည်း၊ ကုန်ကြမ်းနှင့် ဓာတုပစ္စည်းများ၊ မိုဘိုင်းဖုန်း၊ ဓာတ်မြေဩဇာ၊ တာယာ၊ ပဋိဇီဝဆေးနှင် ကာကွယ်ဆေးတင်သွင်းမှုများတွင်လည်း မြင့်တက်ခဲ့သည်။ ပြည်ပမှ ငွေလွဲပမာဏ မြင့်တက်လာခြင်းသည် ယခုကဲ့သို့ သွင်းကုန်တန်ဖိုး မြင့်တက်ခြင်းကို ကာမိစေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly