ကျောင်းကုန်းမှာ ရဲ ၁ ဦးနဲ့ မိသားစုဝင်တွေ ကိုဗစ်ကူးစက်ခံရ

ကျောင်းကုန်းမှာ ရဲ ၁ ဦးနဲ့ မိသားစုဝင်တွေ ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးနဲ့ ရဲမိသားစုဝင် ၁၁ဦး ကိုဗစ် ၁၉ ကူးစက်ခံရတယ်လို့ မြို့နယ်ကျန်းမာရေးဌာနရဲ့ စာရင်းတွေမှာ အတည်ပြုဖော်ပြထားပါတယ်။

“ရဲတစ်ယောက် အနံပျောက်လို့ စစ်ကြည့်တော့ ကိုဗစ်တွေ့လို့ သူနဲ့ထိတွေ့တဲ့ ၇၉ဦးကိုစစ်ပေးတယ်၊ အဲ့မှာ ၁၁ယောက်က ပိုးထပ်တွေ့တယ်၊ သူတို့ကို ရဲဝန်ထမ်းအိမ်ယာအသစ်မှာထားပြီးတော့ ကျန်းမာရေးမှူးကိုယ်တိုင် ကုပေးနေတယ်၊ အခွင့်ထူးခံတာပေါ့ဗျာ၊ တစ်မြို့လုံးဆို ရောဂါကူးတာက ၆၇ယောက်ဖြစ်နေပြီ၊ ပြည်သူတွေကိုကျ သေချာမစစ်ပေးဘူး သေချာမကုပေးဘူး၊ သူတို့ကျတော့ ကြောက်ပြီးစစ်လိုက်တာ အကုန်ပဲ၊ အမေစုနဲ့အရမ်းကွာတယ်၊ အမေစုက ကာကွယ်ဆေးထိုးတာတောင် ပြည်သူတွေမထိုးရသေးဘဲ သူထိုးရမှာ တောင်းပန်ခဲ့သေးတာ၊ ဒီကောင်တွေကတော့ ဘယ်သူသေသေ ငါတို့ကောင်းစားပြီးရောပဲ”လို့ ကျောင်းကုန်းမြို့ခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၃ရက်နေ့အထိ စစ်ဆေးချက်တွေအရ ကျောင်းကုန်းမြို့နယ်မှာ ကိုဗစ်- ၁၉ ကူးစက်ခံထားရသူ ၆၇ဦးထိ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly