ဝါးခယ်မမြို့မှ ရဲ ၃ဦးCovid-19 ကူးစက်ခံရ

ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့တွင် ရဲ သုံးဦး Covid-19ရောဂါ ကူးစက်ခံရကြောင်း ဝါးခယ်မမြို့နယ် လူမှုကူညီရေးအဖွဲ့များထံမှသိရသည်။

ဝါးခယ်မမြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် အချို့ဖျားနာနေခြင်းကြောင့် ဇူလိုင် ၃ ရက်က ဝါးခယ်မမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Covid-19 ရောဂါပိုးရှိမရှိစစ်ဆေးရာက ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ Covid-19 ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင်များဦးကိုသီးခြား ဆေးကုသဆောင်တွင်ထားရှိ၍ ဆေးကုသပေးနေပြီး ၎င်းတို့မှာ လူငယ်များဖြစ်ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ်တွင် ဇူလိုင် ၃ ရက်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း ၂၂ ဦး အထိရှိလာပြီး အတည်ပြုလူနာများနေ့စဉ်တိုးလာပြီး ဌာနဆိုင်ရာရဲဝန်ထမ်းများ အထိပါ ရောဂါ ကူးစက်မှုရှိလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် စီအိုင်ဒီ သင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်လည်း Covid-19 ကူးစက်ခံထား ရကြောင်းအာဏာသိမ်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly