ကလေးမြို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေ

03 July 2021
ကလေးမြို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်တွင် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင်လ ၃ရက် ည ၉ နာရီကျော်မှာ ဗုံးပေါက်သံစကြားရပြီး သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတာလို့ ကလေးဒေသခံက ပြောပါတယ်။
"တမြို့လုံး နီးပါပဲ၊ တနေရာတည်းက ဖြစ်တာ မဟုတ်ဘူးရယ်၊ ရပ်ကွက်တွေ အထဲ ထိ ဝင်ပစ်ကြတာ အချက်ရေ ၃၀၀ကျော်၊ လက်နက်ကြီး သံတွေရော ၊အခုလည်း တချက်ချက် ပစ်တယ်၊လေယာဥ်သံ လိုလို Drone တွေ ဝဲနေတယ်" လို့ သူကပြောပါတယ်။
အခုပစ်ခတ်မှုမှာ ပျက်စီးဆုံးရှုံးမှုနဲ့ ဘယ်အဖွဲ့တွေ ပစ်ခတ်နေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Video - CJ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly