ကလေးမြို့တွင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်နေ

ကလေးမြို့တွင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်နေ

ဇူလိုင် ၃

ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမြင့်တက်နေသော ကလေးမြို့တွင် ယနေ့(ဇူလိုင်၃ရက်) တစ်ရက်တည်း၌ ကိုဗစ်လူနာလေးဦးနှင့် သံသယလူနာ ၂၉ ဦးသေဆုံးခဲ့သည်ဟု လူမှုကူညီရေးလုပ်ဆောင်နေသူများကပြောသည်။

" ဒီနေ့လည်း သုံးဆယ်ကျော် သေဆုံးတယ်။ လေးဦးကတော့ Positive ။ကျန်သူတွေကတော့ အနံ့ပျောက်တာတို့၊ အသက်ရှုကျပ်တာတို့နဲ့ သံသယလူနာတွေပါ" ဟုကိုဗစ်လူနာများကို ကူညီပေးနေသူတစ်ဦးကပြောသည်။

ကိုဗစ်ရောဂါကူးစက်မှု အဆိုးဆုံးရင်ဆိုင်နေရသည့် ကလေးမြို့တွင် မေလလယ်ကစတင်သည့် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၄၀၀ ခန့်ရှိနေသည်ဟု ဒေသခံများကပြောသည်။ လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်သည် အရေးကြီးဆုံး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

ကိုဗစ်ရောဂါကြောင့် ဒေသခံများ အခက်ကြုံနေစဥ် ယနေ့ည ကိုးနာရီဝန်းကျင်ကစ၍ ကလေးမြို့နေရာအချို့၌ သေနတ်ပစ်ခတ်သံများ မကြာခဏ ကြားနေရသည်ဟု ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly