သံဗုံးတီးနေသည့် အိမ်များကို  စစ်ကောင်စီတပ်က လေးခွဖြင့် လိုက်လံပစ်ခတ်

03 July 2021
သံဗုံးတီးနေသည့် အိမ်များကို  စစ်ကောင်စီတပ်က လေးခွဖြင့် လိုက်လံပစ်ခတ်

ဇူလိုင် ၃

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ငမိုးရိပ်လမ်း ပြည်တော်အေးလမ်း ရိပ်သာလမ်းတို့တွင်သံဗုံးတီးနေသည့် အိမ်များကို အကြမ်းဖက် စစ်သားများက  လေးခွဖြင့် လိုက်လံပစ်ခတ်၍ ဆဲဆိုမှုများကို စနေနေ့ည ၈ နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။

" သံဗုံးတီးတဲ့အိမ်တွေကို လေးခွနဲ့ လိုက်ပစ်ပြီး အောက်ဆင်းခဲ့ဖို့ အော်ပြော ဆဲဆိုနေတာ။ အဲ့ဒါက ၈နာရီ လောက်ကပေါ။ အခုလည်းလမ်းထိပ်မှာ Hi-jet တစ်စီးရပ်ထား စစ်သားတွေလည်းရှိတယ် ''ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်သားများသည် အိမ်အတွင်းမှ ကြည့်နေသည့် အရပ်သားများကိုလည်း ရုန့်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာကြသည်။

" အိမ်ထဲကနေ သူတို့ကို လှမ်းကြည့်လို့ဆိုပြီး အော်ဆဲနေတာ။ အိမ်အကုန်လုံးလဲ မီးတွေပိတ်ထားရတယ်''ဟု အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူက ပြောသည်။ 

စစ်ကား အသေး လေးစီးနှင့် ကားအကြီးတစ်စီးဖြင့် အကြမ်းဖက်စစ်သားများရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၆၅ နှစ်မြောက်မွေးနေ့တွင် ရန်ကုန်မြို့အနှံ့ မကောင်းဆိုးရွားနှင်တောထုတ်သံများဆူညံနေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly