ကောလင်းတွင် စစ်ကောင်စီတပ်ပစ်လို့ အရပ်သားသေဆုံး

ကောလင်းတွင် စစ်ကောင်စီတပ်ပစ်လို့ အရပ်သားသေဆုံး

ဇူလိုင် ၃

ကောလင်းမြို့နယ်ထဲက အရပ်သားတစ်ဦး အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့်သေဆုံးကြောင်းသိရသည်။ 

မနေ့က ဇူလိုင်လ ညပိုင်း ၈ နာရီဝန်းကျင်အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ကြို့ပင်ကျေးရွာအုပ်စု၊ ဇော်ချောင်းကျေးရွာနှင့် ကို့တောင်ဘို့ကျေးရွာအုပ်စုကြား လမ်းမတစ်ခုပေါ်တွင် အပစ်ခံရခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အမျိုးသမီးနှင့်ဆွေးမျိုးတော်စပ်သူက မဇ္စျိမကိုပြောသည်။ 

“စစ်ကားတစ်စီးက အဲ့ဒီရွာနားကလမ်းပေါ်မှာရှိနေတာ၊ ကုန်ကားတစ်စီးမှာ စပါယ်ရာနဲ့ ဒရိုက်ဘာရယ်အခြားသူတွေလဲပါတယ်ပြောတယ်၊ အဲ့ဒီမှာ ကားကစစ်သားတွေအနားအရောက်မှာ အပစ်ခံလိုက်ရတာ၊ ကားဆရာကတော့ ကားပေါ်မှာတင်ပွဲချင်းပြီးပဲ၊ ကားပေါ်ပါလာတဲ့အခြားသူတွေကိုလဲ ကျည်ဆံမှန်တယ်လို့ပြောတယ်” ဟုသူမက ဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေပစ်ခတ်လို့သေဆုံးခဲ့ရသည့်ကားဆရာမှာ ကောလင်းမြို့နယ်၊ ထိန်အင်းကျေးရွာမှ အသက် ၂၀ ဝန်းကျင်အရွယ် ကိုမိုးဇော်အောင်ဖြစ်တယ်လို့သိရပါတယ်။ သူ့မှာ ဇနီးတစ်ဦးနှင့် တစ်နှစ်အရွယ် သမီးတစ်ဦးရှိကြောင်းသိရသည်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဘက်က အလောင်းနှင့်ကားကို ပြန်လည်ယူဆောင်ဖို့ ဆက်သွယ်တဲ့အတွက် မိသားစုဝင်တွေ လိုက်သွားကြောင်းသိရသည်။ 

မန္တလေးမှ ကုန်တင်ပြီးပြန်လာသည့်အချိန်ကားကို မိုးကာအုပ်ပီးမောင်းလာလို့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly