လင်းနို့ကိုရိုနာဗိုင်းရပ်စ်ကိုလေ့လာသူ ရောဂါပိုးမွှားဗေဒပညာရှင် တရုတ်စစ်ဘက် သိပ္ပံပညာရှင်များနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း သတင်းထွက်ပေါ်

လင်းနို့ကိုရိုနာဗိုင်းရပ်စ်ကိုလေ့လာသူ ရောဂါပိုးမွှားဗေဒပညာရှင် တရုတ်စစ်ဘက် သိပ္ပံပညာရှင်များနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း သတင်းထွက်ပေါ်

ဝူဟန် ရောဂါပိုးမွှားဗေဒဌာနမှ ထိပ်တန်း တရုတ်ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးသည် တရုတ်စစ်ဘက် သိပ္ပံပညာရှင်များနှင့် အဆက်အသွယ်ရှိခဲ့ပြီး ၎င်းတို့က ကိုရိုနာဗိုင်းရပ်စ်သုသေသနအတွက် သူမကို အကူအညီပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ယင်းစစ်ဘက်သိပ္ပံပညာရှင်နှစ်ဦး အနက်တစ်ဦးမှာ ကွယ်လွန်သူအဖြစ် စာရင်းသွင်းထားသည်။

လင်းနို့ကိုရိုနာ ဗိုင်းရပ်စ်များနှင့် အန္တရာယ်များသော စမ်းသပ်မှုများပြုလုပ်ခဲ့သည်ဟု မတ်လတွင် စွပ်စွဲခံခဲ့ရသူ ဝူဟန်အခြေစိုက်ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာ ရှီကျန်းလီက ဝူဟန်အင်စတီကျူ့သည် စစ်တပ်နှင့် လေ့လာမှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သော်လည်း ဒေါက်တာရှီ သည်

စစ်ဘက်သိပ္ပံပညာရှင်များနှင့် အဆက်အသွယ်ရှိကြောင်းသက်သေအထောက်အထားများစွာတွေ့ရှိခဲ့ရသည်ဟု Fox သတင်းက US MEDIA ကိုကိုးကားပြီး ဖော်ပြခဲ့သည်။

ဒေါက်တာရှီသည် စစ်ဘက်သိပ္ပံပညာရှင် တုန်ယီဂမ်နှင့်အတူ ၂၀၁၈ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို သုတေသနပြုခဲ့ကြသည်။

၂၀၁၉ခုနှစ်တွင်လည်း ရှီသည် စစ်တပ်သိပ္ပံပညာရှင် ကျိုယွီဆန်းနှင့် အတူ လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော ဆောင်းပါး၏ အောက်ခြေမှတ်စုတွင် ကျိုယွီဆန်းအားသေဆုံးခဲ့သည်ဟု ကြေညာထား သော်လည်း သေဆုံးရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။

ကိုဗစ်-၁၉ ဓာတ်ခွဲခန်း ယိုစိမ့်မှုသုံးသပ်ချက် ပြန်လည်ပေါ်ပေါက်လာချိန်တွင် ယင်းအစီရင်ခံစာအသစ်၌ တရုတ်သည် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို ဖုံးကွယ်ရန် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကနဦးအချက်အလက်များကို ဖျောက်ဖျက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဗိုင်းရပ်စ်စစ်ဆေးမှုကို တားဆီးခဲ့သည်။

အစောပိုင်းက Wall Street ဂျာနယ် (WSJ) ၏ စုံစမ်းစစ်ဆေးမှုအရ ရှုတ်ချရန်ကြိုးပမ်းမှုဟု ယူဆနိုင်သော စုံစမ်းစစ်ဆေးမှုအတွက် နိုင်ငံတကာဖိအားများကို တရုတ်က ငြင်းဆိုခဲ့သည်။

တရုတ်က စုံစမ်းစစ်ဆေးမှုကို လအတန်ကြာအချိန်ဆွဲခဲ့ပြီး ပါဝင်သူများအပေါ် ဗီတိုအာဏာသုံးပိုင်ခွင့်ဖြင့် ဗိုင်းရပ်စ်သည် အခြားတိုင်းပြည်များနှင့်လည်း သက်ဆိုင်ကြောင်း အတင်းအကျပ်ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly