အလျှော့ပေးရန်အဆင်သင့်ရှိဟု ဂရိပြောကြား၊ ပြတ်ပြတ်သားသားဆုံးဖြတ်ရန် ဂျာမန်ဝန်ကြီးချုပ် မာကဲကို တိုက်တွန်း

အလျှော့ပေးရန်အဆင်သင့်ရှိဟု ဂရိပြောကြား၊ ပြတ်ပြတ်သားသားဆုံးဖြတ်ရန် ဂျာမန်ဝန်ကြီးချုပ် မာကဲကို တိုက်တွန်း
ဇွန်လ ၂၀ ရက်က ဘာလင်တွင် ဂရိကိုအခွင့်အရေးပေးပါဟူသော ဆိုင်းဘုတ်များ ကိုင်စွဲ၍ ဆန္ဒပြနေကြသူများ။ ဓာတ်ပုံ - အေအက်ဖ်ပီ။

အေသင်၊ ဇွန် ၂၁ ။        ။ ယူရိုဇုန်အရေးပေါ်ညီလာခံမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဂရိဘဏ္ဍာရေးဝန်ကြီးက ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကဲကို တိုက်တွန်းနေစဉ်မှာပဲ ကြွေးသဘောတူညီချက်တစ်ခုရဖို့ အီးယူနှင့် အိုင်အမ်အက်ဖ် ကြွေးရှင်တွေ ထံ အဆိုပြုချက်အသစ်များ တင်ပြမည် ဖြစ်ကြောင်း ဂရိက စနေနေ့ (ဇွန်၂၀)က ပြောကြား သည်။

ဂရိ၏ ခြိုးခြံရေးဆန့်ကျင်နေသော အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဘတ်ဂျက် အဆိုပြုချက် အသစ်များ တင်သွင်းလာဖို့ ဥရောပသမဂ္ဂအကြီးအကဲများက စောင့်မျှော်နေစဉ်မှာပင် အေသင်က ပြန်လည်ပြင်ဆင်ထားသည့် လုပ်ငန်းအစီအစဉ်သစ်များကို အဆိုပြုသွားမည်ဖြစ်ကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီး အလီကော့စ် ဖလမ်ဘောရာရစ်က ပြောကြားသည်။  

ယူရိုဇုန်အတွင်းမှ ၁၉ နိုင်ငံ ခေါင်းဆောင်များ၏ အရေးပေါ်ညီလာခံမတိုင်မီ ဂရိအပေါ် ဖိအားမြင့်တက်လာ နေခဲ့သည်။ သို့ရာတွင် ဥရောပခေါင်းဆောင်များကို မျက်စိစပါးမွေးစူးစေလောက်အောင် ဟန်များလွန်းသည့် ဂရိဘဏ္ဍာရေးဝန်ကြီး ယာနစ် ဗရူဖာကစ်က သဘောတူညီချက်လုပ်ရမည့် ဝန်ထုပ်ဝန်ပိုးကို ကြွေး ထုတ်ချေး မည့် ဂျာမနီခေါင်းဆောင်အပေါ် တင်ပေးလိုက်သည့်နည်းဖြင့် အခြေအနေကို အဆိုးမှအကောင်းသို့ ပြောင်းပြန် လှန်ပစ်ခဲ့သည်ဟု ဆိုသည်။

"မာကဲဟာ ကယ်တင်ရေးအစီအစဉ်ကို ပယ်ချခဲ့ပြီး အဖြေတစ်ခုကို စေ့စပ်ညှိနိုင်းရှာဖွေလိုတဲ့ အစိုးရတစ်ရပ်နဲ့ ဂုဏ်ယူဖွယ် သဘောတူညီချက်တစ်ရပ်ထဲကို ဝင်ရောက်လာနိုင်သလို သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေ အလိုရှိသလို ကိုယ့်စည်းမျဉ်းကိုယ် သစ္စာစောင့် သိပြီး ဂရိပြည်သူတွေကို ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ် ဆွဲခေါ်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ဂရိအစိုးရ ကို ရေထဲ တွန်းချရင်လည်း တွန်းချနိုင်ပါတယ်''ဟု ဘရူဖာကစ်က ပြောကြားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly